ဘားအံ - အောက်တိုဘာ (၂၃)
ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုနှင့်ရာဂီမုန်တိုင်းအရှိန်တို့ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် များအတွက် ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အဆိုပါထောက်ပံ့ငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့တို့က ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားကာ ပထမအကြိမ်ရေကြီးရေလျှံမှုတွင် ဘားအံမြို့နယ်၊လှိုင်းဘွဲမြို့နယ်၊သံတောင်ကြီးမြို့နယ်များရှိ စုစုပေါင်းထိခိုက်ပျက်စီး နေအိမ်(၃၆)လုံးအတွက် နေအိမ်တစ်လုံးလျှင် ၂ ဒဿမ ၃၅ ကျပ် သန်းနှုန်းဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ရေဘေး ကယ်ဆယ်ရေးအလှူငွေမှလည်းကောင်း၊ ဒုတိယအကြိမ်ရာဂီမုန်တိုင်းအရှိန်ကြောင့် ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ သံတောင်ကြီးမြို့နယ်တို့မှ စုစုပေါင်းထိခိုက်ပျက်စီးနေအိမ် ၂၆ လုံး အတွက် နေအိမ်တစ်လုံးလျှင် ၂ ဒဿမ ၃၅ ကျပ် သန်းနှုန်းဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ခွင့်ပြုရန်ပုံငွေမှလည်းကောင်း၊ စုစုပေါင်း ထိခိုက်ပျက်စီးနေအိမ်(၆၂)လုံးအတွက် ငွေကျပ် ၁၄၅ ဒဿမ ၇ သန်းကို ထောက်ပံ့ပေးအပ်ခဲ့ရာ နေအိမ်ထိခိုက်ပျက်စီး သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသောနေအိမ်ထိခိုက်ပျက်စီး ဆုံးရှုံး သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနမှ ဝန်ထမ်းများက နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးသူများအား စနစ်တကျအိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ထုတ်ပေးနေမှုများကို ကြည့်ရှုစစ်ဆေး၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ လူသားတို့၏နေ့စဉ်ဘဝတွင် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ဆောင်ရွက်ရာတွင်လည်းကောင်း၊ မိုဘိုင်းဖုန်း၏ အင်တာနက်ကွန်နက်ရှင်ကိုအသုံးပြု၍ ပညာလေ့လာဆည်းပူးခြင်းနှင့် Digital နည်းပညာဖြင့် အလုပ် လုပ်ကိုင်ရာတွင်လည်းကောင်း မရှိမဖြစ်လိုအပ်သည့် ခေတ်ရေစီးကြောင်းနှင့်လျော်ညီသော အဆင့်မြင့်မိုဘိုင်းဖုန်း ပြုပြင်ခြင်းသင်တန်းဆင်းပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြော ကြားပြီး ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ဂုဏ်ပြုဆု များပေးအပ်ချီးမြှင့် ကာ ပြည်နယ်လူမှုရေးရာဝန်ကြီးက သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ရာ သင်တန်းသားတစ်ဦးက ကျေးဇူး တင်စကားပြန်လည်ပြောကြားသည်။
ယနေ့သင်တန်းဆင်းပွဲတွင် အခြေခံမိုဘိုင်းဖုန်းပြုပြင်ခြင်းတစ်လသင်တန်းကို သင်ယူပြီးမြောက်သော သင်တန်းသား၊သင်တန်းသူ ၂၀ ဦးက အဆင့်မြင့်သင်တန်းအနေဖြင့် ကျွမ်းကျင်ပညာရှင်များ၏ ၄၅ ရက်ကြာ စာတွေ့၊လက်တွေ့သင်ခန်းစာများကို ထပ်မံသင်ယူပြီးမြောက်၍ သင်တန်းဆင်းခဲ့ကြခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြော ကြားကာ လက်တွေ့သင်ခန်းစာလေ့ကျင့်နေမှုများအား ကြည့်ရှုအာပေးခဲ့ပါသည်။