ဘားအံ - အောက်တိုဘာ (၈)
ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေသည် နှစ်ကြိမ်တိုင်တိုင်ထူးကဲစံချိန်တင်မြှင့်တက်မှုကြောင့် ဘားအံမြို့ နယ်၊ ကော့လှိုက်ကျေးရွာတွင် အလျားပေ ၅၀၀၀ ခန့် မြစ်ကမ်းပြိုကျခဲ့ပြီး လူနေအိမ် ၃၂ လုံး ပြိုကျပျက်စီးခဲ့ရကာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရေးပေါ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူ များ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမိုးက လတ်တ လောအရေးပေါ်ကာကွယ်ဆောင်ရွက်မှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကမ်းပါးကာကွယ်ရေးလုပ်ငန်းများကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများအချိန်နှင့် တစ်ပြေးညီဆောင်ရွက်ရေး၊ ကမ်းပါးပြိုကျမှုများကို ထိထိရောက် ရောက်ကာကွယ်နိုင်ရေးတို့အတွက်လိုအပ်မည့်ကမ်းပြိုကာကွယ်ရေးရန်ပုံငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တင်ပြတောင်းခံရန်မှာကြားကာ ကော့လှိုက်ကျေးရွာ သံလွင်မြစ်ကမ်းပြိုကျမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကော့လှိုက်တိုက်ကျောင်း၌ သံလွင်မြစ်ကမ်းပြိုကျ မှုကြောင့် ပြိုကျပျက်စီးခဲ့ရသော လူနေအိမ် ၃၂ လုံးမှ အိမ်ထောင်စုများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က စံချိန် တင်မြစ်ရေကြီးမှုကို ထူးထူးခြားခြားကြုံတွေ့ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ခဲ့ရသည့် အိမ်ထောင်စုများအား လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နီးစပ်ရာဆွေမျိုးများနေအိမ် တွင် နေထိုင်စဉ်ကာလအတွင်း ကိုယ်စိတ်နှစ်ဖြာ အေးချမ်းပျော်ရွှင်စွာနေထိုင်ကြစေလိုကြောင်း အားပေးစကား ပြောကြားသည်။
အဆိုပါကမ်းပြိုမှုကြောင့် ထိခိုက်ပျက်စီးသွားသောလူနေအိမ် ၃၂ လုံးမှ အိမ်ထောင်စုများအား ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးငွေ၊ ဆန်ရိက္ခာဖိုးငွေ၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ကို ကူညီ ထောက်ပံ့ပေးထားပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါအိမ်ထောင်စုများအား ကော့လှိုက်ကျေးရွာအနီးပတ်ဝန်းကျင် တွင် ပြန်လည်နေရာချထားပေးနိုင်ရန်နှင့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်သိန်း(၂၀)စီထောက်ပံ့ပေးနိုင်ရန် တာဝန်ရှိ သူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စာရင်းစစ်၊စာရင်းကောက်များက ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာရှိ စာရင်းကောက်ကွက် ၁၃ ကွက်တွင် တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများမေးမြန်းစာရင်း ကောက်ယူနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။