ဘားအံ - ဩဂုတ် (၂၉)

            ၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်/သိပ္ပံပေါင်း စုံနှင့်ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ရေကူးပြိုင်ပွဲဆုချီးမြှင့်သည့်အခမ်း အနားကို ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ဇွဲကပင်ရေကူးကန်၌ ကျင်းပသည်။

            ဦးစွာ အမျိုးသား/အမျိုးသမီး မီတာ(၅၀) ပတ်လက်ကူးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် အမျိုးသား/အမျိုးသမီး မီတာ (၅၀)အလွတ်ကူးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၊ ရေကူးအားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။

            ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က အမျိုးသမီး မီတာ(၅၀)၊ မီတာ(၁၀၀)အလွတ်ကူး၊ ပတ်လက်ကူးနှင့် မီတာ(၅၀x၄)လွန်းပျံအလွတ်ကူးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တစ်ဦးချင်းလည်ဆွဲဆုနှင့် ငွေသားဆုများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသားမီတာ(၅၀)၊ မီတာ(၁၀၀)အလွတ်ကူး၊ ပတ်လက်ကူးနှင့် မီတာ(၅၀x၄)လွန်းပျံအလွတ်ကူးပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုများကိုလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက်ဆုရရှိသော တရုတ်လှစံပြကျေးရွာရေကူးအသင်းအား ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

            အလားတူ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ဩဂုတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းက ဘားအံမြို့၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)ရှိ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့်အတူတွေ့ဆုံ၍ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က နောင်တစ်ချိန်တွင် အလယ်အလတ်အဆင့်စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များအဖြစ်မှ ကြိုးစားအားထုတ်မှု အပေါ်မူတည်၍ ပြည်နယ်အတွက်၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် စိုက်ပျိုးမွေးမြူရေးပညာရှင်များ ဖြစ်လာကြမည့် ကျောင်းသား၊ ကျောင်းသူများအပေါ် တန်ဖိုးထားအသိအမှတ်ပြုသောအားဖြင့် ယခုကဲ့သို့ အထူးနေ့လယ်စာကို အတူတကွလာရောက်သုံးဆောင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အထူးနေ့လယ်စာအတွက် ငွေကျပ် ၉၇၃၅၀၀ ကျပ်ကို ကျောင်းအုပ် ဆရာမကြီးထံ ထောက်ပံပေးခဲ့ပြီး နေ့လယ်စာအဖြစ် တည်ခင်းထားသည့် ထမင်းနှင့်ဟင်းလျာများကို ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့်အတူ သုံးဆောင်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၏ နေ့လည်စာသုံးဆောင်နေမှုအား လှည့်လည်ကြည့်ရှု၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။