ဘားအံ - ဩဂုတ် (၁၅)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိလမ်းရှိ ဒေသန္တရကျန်းမာရေး ဌာနရုံး ( ၅၀ x ၅၀)ပေ RC နှစ်ထပ်တည်ဆောက်ရေးလုပ်ငန်းခွင် ၃၅ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးမှုအခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်စွာမြင့်၊ တာဝန်ယူတည်ဆောက်သည့်အဆောက်အဦဦးစီးဌာန၊အထူးအဖွဲ့(၁၃) ဒုတိယညွှန်ကြားရေး မှူး ဦးမြင့်သူတို့က တည်ဆောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဒုံရင်းအခြေခံပညာအထက်တန်းကျောင်းတွင် တွဲဘက်ဖွင့်လှစ်ထားသော စိုက်ပျိုးရေး၊မွေးမြူရေးအထက်တန်းကျောင်း၌ ပေ(၂၀)ပတ်လည်စားဖိုဆောင်တည် ဆောက်ရေးလုပ်ငန်းခွင်၊ တန်ဖိုးနည်းဝန်ထမ်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းခွင်နှင့် (၁၀ပေ x ၂၄ ပေ) ဝက်မွေးမြူ ရေးခြံတည်ဆောက်ရေးလုပ်ငန်းခွင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အသစ်တည်ဆောက်ပြီးစီးသည့် RCC နှစ်ထပ်စာသင်ဆောင်တွင် ကျောင်းသား၊ကျောင်းသူများ စာပေသင်ကြားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံနည်းပညာတက္ကသိုလ်တွင် ၁၅၀ ပေ x ၈၂ ပေရှိ ဖူဆယ်အားကစားခန်းမနှင့် ၁၂၀ ပေ x ၉၀ ပေရှိ မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်မည့်မြေနေရာအား သွား ရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယပါမောက္ခချုပ်ဒေါက်တာအောင်ဇော်လတ်နှင့်တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံနည်းပညာတက္ကသိုလ် အဆောင်နေကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး အထူးနေ့လယ်စာကို အတူတကွလက်ရေတစ်ပြင်တည်း သုံးဆောင်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နောင်တစ်ချိန်တွင်တိုင်းပြည်၏အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် ကျောင်းသား၊ကျောင်းသူ မောင်တို့မယ်တို့အား အသိအမှတ်ပြုတန်ဖိုးထားသောအားဖြင့် ယခုကဲ့သို့ လာရောက်တွေ့ဆုံပြီး အထူးနေ့လယ်စာကို လက်ရေတစ်ပြင်တည်း အတူတကွလာရောက်သုံးဆောင်ခြင်း ဖြစ်ကြောင်း ၊ တက္ကသိုလ်ကျောင်းသားဘဝတွင် စာပေတစ်ခုတည်းသင်ကြား၍မရဘဲ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အားကစား၊ အနုပညာ၊ စာပေယဉ်ကျေးမှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို လေ့ကျင့်ကြိုးစားကြရမည်ဖြစ်သကဲ့သို့ သင်ကြားသည့်ပညာရပ်များကို ပြန်လည်အသုံးချနိုင်သည်အထိ အမှန်တကယ်တတ်မြောက်သည့် တတ်သိပညာရှင် များဖြစ်အောင် ကြိုးစားကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အထူးနေ့လယ်စာအတွက် ငွေကျပ် ၁၆၅၀၀၀ဝိ/-(တစ်ဆယ့်ခြောက်သိန်း ငါးသောင်း)ကို ဒုတိယပါမောက္ခချုပ်ဒေါက်တာအောင်ဇော်လတ်ထံသို့လည်းကောင်း၊ နွေရာသီကျောင်းပိတ်ရက်များ တွင် နေရပ်မပြန်နိုင်ကြသည့်ကျောင်းသား၊ကျောင်းသူများအတွက် ငွေကျပ် ၂၆၀၀၀၀ဝိ/-(နှစ်ဆယ့်ခြောက်သိန်း)ကို နေရပ်မပြန်နိုင်သည့်ကျောင်းသား၊ကျောင်းသူများထံသို့လည်းကောင်းထောက်ပံ့ပေးအပ်ပြီး ဘားအံနည်းပညာတက္က သိုလ်ရှိ အဆောင်နေကျောင်းသား၊ကျောင်းသူ ၂၀၀ ဦး၊ ပါမောက္ခ၊ ဒုတိယပါမောက္ခ၊ ကထိက၊နည်းပြ၊ သရုပ်ပြများ၊ ဝန်ထမ်းများနှင့်အတူ အထူးနေ့လယ်စာကို လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။