ဘားအံ - မတ် (၁၅)

            ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမမြောက်နေ့  ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ် ဖြေဆိုနေကြသည့် ကျောင်းသား၊ကျောင်းသူ ၃၉၉ ဦးအား စာမေးပွဲဖြေဆိုပြီးချိန်တွင် အားဖြည့်အချိုရည်များ ဝေငှပေးခဲ့ပြီး အားပေးစကားများပြောကြားခဲ့သည်။

            ကရင်ပြည်နယ်တွင် မြို့နယ်(၇)မြို့နယ်၌ စာဖြေဌာန(၁၁)ခုဖြင့် ကျောင်းသား၊ကျောင်းသူ ၁၉၆၃ ဦး ရာခိုင်နှုန်းအားဖြင့် ၉၁ ဒဿမ ၆၀ ရာခိုင်နှုန်း အေးချမ်းဖြေဆိုစွာ တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုလျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာခရိုင်၊မြို့နယ် အဆင့် တာဝန်ရှိသူအသီးသီးက လိုအပ်သည်များ အား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။