ဘားအံ - မတ် (၁၄)
ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို National Road Safety Action Plan (2021-2030) နှင့်အညီ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းတာဝန်များကို ဌာနဆိုင်ရာ များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစော မြင့်ဦးက ယာဉ်တိုက်မှု၊ သေဆုံးမှုနှင့် ဒဏ်ရာရမှုနှုန်း ဆက်လက်ကျဆင်းလာစေရန်၊ ယာဉ်တိုက်မှုကြောင့်လူသေဆုံး နှုန်း သုညရာခိုင်နှုန်းထိကျဆင်းစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်၊ Quick Win အစီအမံ(၅)ရပ်ကို အခြေခံ ပြီး အသိပညာပေးမှု၊ တွန်းအားပေးကြပ်မတ်မှုနှင့်စစ်ဆေးအရေးယူမှုများကို ယခုထက်ပိုမိုအရှိန်မြင့်ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်ဆပ်ကော်မတီများအနေဖြင့် NRSC ကချမှတ်ထားသော Action Plan များအတိုင်း မဆုတ်မနစ်ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားကြရန်နှင့် ကောင်းမွန်သောအကြံပြုချက်များရှိပါက ဝိုင်းဝန်းဆွေးနွေး တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ကောင်စီအတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက NRSC ၏ ရည်ရွယ်ချက်၊ Quick Win အစီအမံ(၅)ရပ်အား ဆောင်ရွက်ထားမှု၊ ယာဉ်တိုက်မှု၊ ဒဏ်ရာရမှု၊ သေဆုံးမှု နှိုင်း ယှဉ်ချက်၊ စစ်ဆေးအရေးယူမှုနှင့်အသိပညာပေးဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ တွဲဖက်အတွင်း ရေးမှူး အမှတ်(၁၀)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးဟန်မွှေးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်မှု၊ စစ်ဆေးအရေးယူမှု၊ ထိခိုက်ဒဏ်ရာနှင့်သေဆုံးသူလျော့နည်းကျဆင်းလာမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင် ဝန်ကြီးများ၊ စီမံခန့်ခွဲရေးဆပ်ကော်မတီ၊ ပညာပေးရေးနှင့်စစ်ဆေးအရေးယူရေးဆပ်ကော်မတီ၊ သုတေသနပြုရေးနှင့်ကျန်းမာရေး ဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့က သက်ဆိုင်ရာကဏ္ဍများအလိုက်တင်ပြဆွေးနွေးကြပြီး ခရိုင်အဆင့် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေးကြ ရာ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုတင်ပြဆွေးနွေးခဲ့ကြသည်။
ထိုသို့ တင်ပြဆွေးနွေးမှုများအပေါ် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြပါသည်။