ဘားအံ - မတ် (၇)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက မြိုင်ကြီးငူအထူးဒေသသို့ ယာယီပြောင်းရွှေ့နေထိုင်သော နေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ အစရှိသော စားသောက်ကုန်ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာကျောက်စာကွင်း ဓမ္မာရုံ၌ မြိုင်ကြီးငူအထူးဒေသသို့ ယာယီ ပြောင်းရွှေ့နေထိုင်သော နေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ ထောက်ပံ့ပေး အပ်သည့်အခမ်းအနားကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ယာယီပြောင်းရွေ့နေထိုင်စဉ်ကာလအတွင်း တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်း ကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးဂရုစိုက်ကြစေလိုပြီး တာဝန်ရှိသူများ၏ ပြောဆို ဆုံးမမှုကိုနာခံကြစေလိုကြောင်း၊ စုစုစည်းစည်းနေထိုင်၍ တစ်ဦးနှင့်တစ်ဦးချစ်ချစ်ခင်ခင်ဖြင့် ကိုယ်ကျန်းမာစိတ်ချမ်း သာစွာ နေထိုင်ကြစေလိုကြောင်း အားပေးစကားများပြောကြားပြီး ယာယီပြောင်းရွှေ့နေထိုင်သူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက မြိုင်ကြီးငူအထူးဒေသတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၇၄၁ စု၊ လူဦးရေ ၄၀၃၇ ဦးအတွက် စုစုပေါင်းငွေကျပ် ၂၃၅၄၈၀၀ဝိ/(နှစ်ရာသုံးဆယ်ငါးသိန်းလေးသောင်းရှစ်ထောင်)တန်ဖိုးရှိ ဆန် ၂၄၇ အိတ်နှင့် ဆီ ၃၇၀ ပိဿာ တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

            ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြိုင်ကြီးငူအထူးဒေသတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု များအတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့အတွင်း ဆန်အိတ်ပေါင်း ၂၉၆၇ အိတ်၊ ဆီ ၂၁၁၆ ပိဿာ၊ ပဲ ၂၁၉၉ ပိဿာတို့အပြင် ဆား၊ ငရုတ်၊ ကြက်သွန်၊ အာလူး အစရှိသော အခြေခံစားသောက်ကုန်များ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်နှီးနွယ်ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များမှလည်း ဆန်ရိက္ခာဖိုးငွေ၊ ကယ်ဆယ်ရေး ပစ္စည်း၊ အဝတ်အထည်နှင့် အခြားလိုအပ်သောအသုံးအဆောင်ပစ္စည်းများကို အခါအားလျှော်စွာ ထောက်ပံ့ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ သစ္စာအေးမြိုင်-တောင်စွန်းကျေးရွာချင်း ဆက်လမ်းပေါ်ရှိ ၁၀ ပေ Box Culvert တစ်စင်းနှင့် လမ်းသားမြေဖို့ပြုပြင်ခြင်းလုပ်ငန်း၊ လှိုင်းဘွဲမြို့နယ်၊ သစ္စာအေး မြိုင်ကျေးရွာမှ ကျောက်စာကွင်းမုဒ်ဝထိ မြေလမ်းအရှည် ၃၃၅ ပေ ပျက်စီးခြင်းအား မြေလမ်းပြုပြင်ဖောက်လုပ်ခြင်း၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ-မဲသဝေါလမ်း မိုင်တိုင်(၁၂/၃)နှင့်(၁၁/၆)ကြားတွင် အရှည် ၃၀၀ ပေကတ္တရာလမ်း အကျယ် ၁ ပေခန့် ပြိုကျပျက်စီးသဖြင့် မြေသားဖယ်ရှားခြင်း၊ လမ်းသားမြေဖို့ခြင်းနှင့် လမ်းအကျယ်ချဲ့ခြင်း၊ ကျောက်ခြင်းများ အသုံးပြု၍ မြေထိန်းနံရံဆောင်ရွက်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူးဦးအောင် ထွဋ်နှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီး ချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေးနှင့်လိုအပ်သည်များမှာကြားခဲ့သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်၏ဒေသဆိုင်ရာခရီးသွားလုပ်ငန်း အရှိန် အဟုန်ဖြင့်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသတွင်းခရီးသွားဧည့်သည် ဝင်ရောက်မှုပိုမိုတိုးတက်မြင့်မားလာစေ ရေးအတွက် ‌ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအကြား ရေပန်းစားလူကြိုက်များသည့် ခရီးစဉ်ဒေသတစ်ခုဖြစ် သော ကျုံထော်ရေတံခွန် ခရီးစဉ်ဒေသအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဟိုတယ်နှင့်ခရီးသွားလာမှုညွှန်ကြားရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့်ခရီးစဉ်ဒေသတာဝန်ရှိသူများက ကျုံထော်ရေတံခွန် ခရီးစဉ်ဒေသသို့ နေ့စဉ်လာရောက် အပန်းဖြေလည်ပတ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရီးစဉ်ဒေသ သန့်ရှင်းသာ ယာလှပရေး၊ ဈေးဆိုင်ခန်းများ စနစ်တကျနှင့်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ တစ်ကြိမ်လာရောက်လည်ပတ်ပြီး နောက်တစ်ကြိမ် ထပ်မံလာရောက်လည်ပတ်လိုစိတ်ရှိအောင် ဆွဲဆောင်နိုင်သည့် ခရီးစဉ်ဒေသဖြစ်စေရေးကြိုးပမ်း ဆောင်ရွက်ကြရန်နှင့်လိုအပ်သည်များမှာကြားခဲ့ပါသည်။