ဘားအံ - ဖေဖော်ဝါရီ (၂၇)

            ၂၀၂၄ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်မည့် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒိုင်းပြကုန်း-ပန်းတိမ်ကုန်း-သဒိခိုလမ်း ကတ္တရာထပ်ပိုးလွှာလမ်းသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

            လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သောလမ်းသည် မြို့ချင်းဆက် လမ်းမကြီးများဖြစ်သည့် ဘားအံ-လှိုင်းဘွဲလမ်းမကြီး၊ လှိုင်းဘွဲ-ရွှေဂွန်း(ကမ်းနီ)လမ်းမကြီးနှစ်ခုနှင့် ချိတ်ဆက်ထား သောလမ်းတစ်လမ်းဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး သွင်းကုန်/ထုတ်ကုန်များ အချိန် ကုန်သက်သာစွာဖြင့်ဈေးကွက်သို့ အလျင်အမြန်သယ်ယူပို့ဆောင်နိုင်ပြီး လမ်းပန်းဆက်သွယ်ရေးမြန်ဆန်ချောမွေ့လွယ် ကူစေခြင်း၊ မိသားစုတစ်ဦးချင်းဝင်ငွေများတိုးတက်ခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း၊  ကျေးလက်လမ်း၊ တံတားလုပ်ငန်းများကိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နှင့်မြို့ပြအချိုးညီ စွာဖွံ့ဖြိုးတိုးတက်လာပြီး မြို့ပြအသွင်၊ မြို့ပြအခြေအနေသို့ အချိန်တိုအတွင်းတိုးတက်ပြောင်းလဲလာနိုင်ကာ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ကျေးလက်လမ်းကွန်ယက်များ အသုံးပြု၍ အမြန်ဆုံးဆက်သွယ်သွားလာနိုင်ပြီး အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်းအား အထောက်အကူပြုစေမည် ဖြစ်ကြောင်း‌ ပြောကြားသည်။

            ထို့နောက် ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းက လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များအားလက်ရောက် ပေးအပ်သည်။

            ယနေ့ဖွင့်လှစ်သည့် ဒိုင်းပြကုန်း-ပန်းတိမ်ကုန်း-သဒိခိုလမ်းသည် စုစုပေါင်းလမ်းအရှည်(၅)မိုင်ရှိသည့်အနက် (၁)မိုင်(၄)ဖာလုံအား ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်(၂၄၄ ဒဿမ ၅၉၇) သန်းဖြင့် ထမုအောင်ကုမ္ပဏီမှ (၁၂)ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား အဆင့်မြှင့်တင်ဆောင်ရွက် ပေးနိုင်ခဲ့သည့်အတွက် ကျေးရွာ(၁၃)ရွာ၊ အိမ်ခြေ(၁၉၄၁)အိမ်နှင့်လူဦးရေ(၁၂၇၂၆)ဦးတို့အား အကျိုးပြုစေမည်ဖြစ် ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

            အဆိုပါလမ်းအား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ် ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲသို့ တက် ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင့်၍ အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။