ဘားအံ - ဖေဖော်ဝါရီ (၁၉)
ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်းဖွင့်လှစ် သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း(၁/၂၀၂၄)ဆင်းပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက် အားပေးချီးမြှင့်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘားအံတက္ကသိုလ် ကြက်ခြေနီမောင်မယ် များအနေဖြင့် မွန်မြတ်လှသည့်ကြက်ခြေနီစေတနာလုပ်အားရှင်များအဖြစ် နေ့စဉ်နှင့်အမျှဖြစ်ပွားလျက်ရှိသော ထိခိုက်ဒဏ်ရာရရှိမှုများ၊ သဘာဝဘေးအန္တရာယ်များနှင့် အဋိပက္ခအခြေအနေများတွင် ထိခိုက်ဒဏ်ရာရရှိမှုများကို မိမိတို့ကိုယ်ကျိုးကိုစွန့်ပြီး စွမ်းစွမ်းတမံ စဉ်ဆက်မပြတ်ပါဝင်ကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဗဟိုကော်မတီဝင် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သိန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာ သဇင်ခိုင်က သင်တန်းဆင်းအစီရင်ခံစာကိုဖတ်ကြားကာ ဘားအံတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ က သင်တန်းထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော် မတီ သင်တန်းမှူးဦးခင်မောင်ထွေးက သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ကာ ဘားအံတက္ကသိုလ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဒေါက်တာသဇင်ခိုင်က သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များပေးအပ်သည်။
ထို့နောက် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့မှ အမှတ်တရ လက်ဆောင်များအပြန်အလှန်ပေးအပ်ပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ဘားအံတက္ကသိုလ်အသင်းခွဲထံသို့ ရွှေဖားစည်ကုမ္ပဏီမှလှူဒါန်းသော ဂုဏ်ပြုထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ကာ ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲအသင်းဝင်များက တေးသီချင်းများသီဆိုကပြဖျော်ဖြေကြသည်။
ယနေ့သင်တန်းဆင်းပွဲတွင် ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူ ၁၆၇ ဦး သင်တန်းဆင်းခဲ့ကြပြီး ရှေးဦးပြုစုခြင်းပညာရပ်ဖြင့် ပြည်သူ့အကျိုးပြုလူမှုဂရုဏာလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် ရှေးဦးပြုစုခြင်းပညာရပ်များကို မြို့၊ ရွာ၊ ရပ်ကွက်များရှိ အိမ်တိုင်း၊ လူတိုင်းမှ လက်ဆင့်ကမ်းတတ်မြောက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ တာဝန်ရှိသူများနှင့် သင်တန်းဆင်းကျောင်းသား၊ကျောင်းသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။