ဘားအံ - ဩဂုတ် (၃၁)
မော်တော်ယာဉ်များမှတဆင့် ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချရန်နှင့် သန့်ရှင်းသောစွမ်းအင်အသုံးပြုမှုကို မြှင့်တင် နိုင်ရန် ဒေသတွင်းလျှပ်စစ်ယာဉ်(EV)များကို အသုံးပြုလာကြသည်နှင့်အညီ EV ယာဉ်များ၏ အဆင့်မြင့်လျှပ်စစ်စနစ်၊ ဘတ္ထရီ နည်းပညာ၊ ဝါယာရင်းနှင့် အီလက်ထရွန်နစ် ချို့ယွင်းချက်များကို ရှာဖွေပြုပြင်ထိန်းသိမ်းတတ်စေရန် ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ဘားအံလူငယ်စင်တာခန်းမ၌ EV လျှပ်စစ်မော်တော်ယာဉ် စနစ်တကျစစ်ဆေးထိန်းသိမ်းခြင်း နည်းပညာ မျှဝေမှုသင်တန်းကို ဖွင့်လှစ်သည်။
အဆိုပါသင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်လမ်းညွှန်မှုဖြင့် Arrow Auto Engineering Co.,Ltd မှ ဖွင့်လှစ်သည့်သင်တန်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမှာစကားပြောကြားကာ Arrow Auto Engineering Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းကို ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့ထိ (၇)ရက်ကြာအခမဲ့သင်ကြားပို့ချပေး သွားမည်ဖြစ်ပြီး သင်တန်းသား၊သင်တန်းသူ ၂၅ ဦးတက်ရောက်လျက်ရှိကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သင်ထောက်ကူပစ္စည်းများနှင့် Arrow Auto Engineering Co.,Ltd မှ ဘားအံစက်မှုဇုန်တွင်ထုတ်လုပ်သည့် နှစ်ဘီး၊ သုံးဘီ EV ယာဉ်များအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၁၀၀ ရာခိုင်နှုန်းတည်ဆောက်ပြီးစီးပါက ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၂၀ ခန့် ဖော်ဆောင်ပေးနိုင်မည့် Thai Fashion Footwear Production & Trading Co.,Ltd ၏ Thai Fashion ရာဘာညှပ်ဖိနပ်စက်ရုံ၏ ဘားအံစက်မှုဇုန်အတွင်း စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူဦးဝေယံထွန်းက စက်ရုံတည်ဆောက်မှုအခြေအနေ၊ စက်ပစ္စည်းတင်သွင်းမှုနှင့်ထုတ်လုပ်မည့် ကုန်ချောဖိနပ်များတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ရုံအမြန်ဆုံးတည်ဆောက်ပြီးစီးလည် ပတ်နိုင်ရေး တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်အတွင်း ဥစားကြက်၊ အသားစားကြက်၊ နို့စားနွား၊ အသားတိုးဝက် အစရှိသည့် တိရစ္ဆာန်အစာများကို တစ်နာရီလျှင် ၃ တန်မှ ၅ တန်ထိ ထုတ်လုပ်နိုင်သည့် Gold Feed အစာစပ် စက်ရုံ တည်ဆောက်ရေးလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက စက်ရုံတည်ဆောက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ဒေါနမြေကုမ္ပဏီ၏ဒေသတွင်းဝဥကုန်စိမ်းထွက်ရှိမှုနှင့်ဝယ်ယူစုဆောင်းအခြောက် ခံပြုပြင်ထုတ်လုပ်၍ ပြည်ပဈေးကွက်ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က လိုအပ်သည်များမှာကြားကာ စက်ရုံတည်ဆောက်ရေးလုပ်ငန်းအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက် အကူပြုနိုင်ရန် ဘားအံစက်မှုဇုန်အတွင်းရှိ ရှိုင်းထူးကုမ္ပဏီ၏ ကူဘိုတာအမှတ်တံဆိပ်လယ်ယာသုံးစက်ပစ္စည်းတပ်ဆင် ထုတ်လုပ်ရေး စက်ရုံအတွင်း Engine Assembly Line တွင် ကူဘိုတာအင်ဂျင်များတပ်ဆင်ထုတ်လုပ်နေမှု၊ Laser Cutting Machine(လေဆာသံဖြတ်စက်)ဖြင့် သံပြားများအားပုံသွင်းဖြတ်တောက်နေမှု၊ ၊ AImega (စက်ရုပ်လက်)ဖြင့် လက်တွန်း ထွန်စက်၏ တွဲဖက်ပစ္စည်းများ၊ လယ်ယာသုံးကိရိယာများ တပ်ဆင်ထုတ်လုပ်မှုနှင့် ထုတ်လုပ်ပြီးလယ်ယာသုံးပစ္စည်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရှိုင်းထူးကုမ္ပဏီ၏ ကူဘိုတာအမှတ်တံဆိပ် လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ မန်နေးဂျင်းဒါရိုက်တာ ဦးမင်းမင်းခိုင်စိုးက စက်ရုံအတွင်းလယ်ယာသုံးပစ္စည်းအမျိုးမျိုးတပ်ဆင် ထုတ်လုပ်နေမှု၊ စက်ရုံသစ် တိုးချဲ့တည်ဆောက်ရေးစီမံကိန်း၊ စီမံကိန်းမျှော်မှန်းချက်နှင့်ရည်ရွယ်ချက်၊ တိုးချဲ့ထုတ်လုပ်မည့် လယ်ယာသုံးကိရိယာအမျိုး အစားများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ပါသည်။















