ဘားအံ - ဖေဖော်ဝါရီ (၁၃)
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဇော်သကကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော ကရင်ပြည်နယ်အားကစားသမားတည်းခိုဆောင် (၄)ခန်းတွဲ(၅)ထပ် အဆောက်အဦဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းအနီးရှိ အဆိုပါအဆောက်အဦရှေ့၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အားကစားကွင်း၊ အားကစားရုံ၊ ရေကူးကန်များသာမက ယခုကဲ့သို့ အားကစားသမားများ စိတ်ချမ်းမြေ့စွာတည်းခိုနေထိုင်နိုင်ရန် လုံလောက်သည့် အဆောက်အဦနှင့်နေရာထိုင်ခင်းများသည်လည်း မရှိမဖြစ်လိုအပ်ကြောင်း၊ ယခုကဲ့သို့ အားကစား သမားတည်းခိုဆောင်များတည်ဆောက်ပေးနိုင်ခဲ့သည့်အတွက် ကရင်ပြည်နယ်အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ၊ ဖိတ်ခေါ်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သည့်အခါ တစ်စုတစ်စည်းတည်း တည်းခိုနေထိုင် သွားနိုင်သည့်အတွက် ချစ်ကြည်ရင်းနှီးခင်မင်မှုများကို တိုးပွားရရှိနိုင်သည့်အပြင် အိမ်ရှင်ဝတ္တရားကိုလည်း ကျေပွန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များက ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားသမားတည်းခိုဆောင် (၄)ခန်းတွဲ(၅)ထပ် အဆောက်အဦကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၁၂၂၉ ဒဿမ ၅၅ သန်းဖြင့် (၁၂၀ ပေ x ၄၀ ပေ) RC (၄)ခန်းတွဲ(၅)ထပ်အဆောက်အဦ အားကစားသမား တည်းခိုဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မွန်းလွဲ ၄ နာရီခန့်က လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဦးစွာ ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် ပညာရေးအသင်း နှင့် မီးသတ်တပ်ဖွဲ့အသင်းတို့ အကြိမ်အနယ်ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ပညာရေးအမျိုးသားဘော်လီဘောအသင်းက မီးသတ်တပ်ဖွဲ့အသင်းအား ၃ ပွဲ ၁ ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်အတွင်း ရေးမှူးက ကရင်ပြည်နယ်ဘောလီဘောအားကစားဆပ်ကော်မတီထံသို့ ဘော်လီဘောအားကစားပစ္စည်းများ လှူဒါန်း ပေးအပ်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများက အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ စပေးဘောအကောင်းဆုံးဆု၊ ဆယ်မအကောင်းဆုံးဆု၊ ပင့်ထောင်အကောင်းဆုံးဆု၊ ရိုက်ခုတ်အကောင်းဆုံးဆု၊ ပိတ်ဆို့ အကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုနှင့် ပူးတွဲတတိယဆုရရှိသောအသင်းများ အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် က အမျိုးသမီးပြိုင်ပွဲ ဒုတိယဆုရရှိသော ပညာရေးအသင်းအားလည်ကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီးပြိုင်ပွဲ ပထမဆုရရှိသော အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော ပညာရေးအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၀)သိန်းကျပ်နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညပိုင်းက ဘားအံမြို့၊ သီရိကွင်း ဒုံးစင်မြင့်၌ ကျင်းပသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပဒေသာကပွဲ(ဒုတိယည)အနေဖြင့် မြူးကြွသွက်လက်မြိုင်ဆိုင်စွာကပြဖျော်ဖြေကြသည့် ကရင်ရိုးရာ ယဉ်ကျေးမှုဒုံးအဖွဲ့များ၊ အခြေခံပညာကျောင်းများမှရင်သွေးငယ်များ၏ ကပြဖျော်ဖြေမှုများ၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများ၏ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအလှများ၊ ဝတ်စား ဆင်ယင်မှုပြပွဲများ၊ ကရင်၊မွန်၊ရှမ်း၊ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းများမှ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ကပြသီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အလားတူ ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်းနှင့်မာန်းနဲစန်လမ်းထောင့်ရှိ မီးပုံးပျံကွင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအနေဖြင့် ကလေးကြားပွဲစဉ် ၁၆ ပွဲ၊ လူလတ်ပွဲစဉ် ၂ ပွဲ၊ ၂ ချီ စိန်ခေါ်ပွဲ ၆ ပွဲ၊ မိန်းကလေးပွဲစဉ်(၃)ပွဲနှင့် (၅)သိန်းအောင်လံပွဲစဉ်များကို ထည့်သွင်းကျင်းပခဲ့ ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝရှိသူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဒုတိယကိုယ်စားလှယ် Mr.Mulugrta Zewdie နှင့်အဖွဲ့အား ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယကိုယ်စားလှယ် Mr.Mulugrta Zewdie က UNHCR မှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရပ်ရွာအခြေပြုအသေးစားစီမံကိန်းငယ်များ၊ ယာယီနေရပ်စွန့်ခွာပြည်သူများအရေးဆိုင်ရာကိစ္စရပ် များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အဓိထားဆွေးနွေးခဲ့ကြပါသည်။