ဘားအံ - ဇန်နဝါရီ (၃၀)

            (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဘားအံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် သော ခြံကလေး-ရွှေမြင့်ကုန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၈ နာရီက ခြံကလေး ကျေးရွာရှိ အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

            လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သောလမ်းသည် ကရင်-မွန် ပြည်နယ်ချင်းဆက်လမ်းဖြစ်သော ဘားအံ-ဇာသပြင်အဖြောင့်လမ်းအားချိတ်ဆက်ထားသည့် လမ်းဖြစ်သည့်အတွက် ပြည်နယ်နှစ်ခုလုံးသို့ ထုတ်ကုန်စီးဆင်းနိုင်သည့် အဓိကလမ်းလည်းဖြစ်ကာ ကျေးလက်နေပြည်သူများပို့ဆောင်ဆက် သွယ်ရေးကဏ္ဍများ ပြည့်စုံကောင်းမွန်ပြီး ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့အမြန် ဆုံးရောက်ရှိခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ အဆင်ပြေချောမွေ့ပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုး တက်ခြင်း၊ မိသားစုတစ်ဦးချင်းဝင်ငွေများတိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းက လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ညွှန်ကြား ရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုး ရအဖွဲ့ဝင်များက ခြံကလေး-ရွှေမြင့်ကုန်းလမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲသို့ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ဂုဏ်ပြုဆုများပေးအပ်ချီး မြှင့်၍ လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ခြံကလေး-ရွှေမြင့်ကုန်းလမ်း ကွန်ကရစ်လမ်းသစ်ကို ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ၂၉၉ ဒဿမ ၆၇၈ သန်းဖြင့်(၁၄)ပေအကျယ်ကွန်ကရစ်လမ်း (၆ ဒဿမ ၅)ဖာလုံ၊ (၅)ပေအကျယ် Box Culvert တစ်စင်းတို့အား ဘားအံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

            ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခြံကလေးအောင်ရတနာတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဝိမလ အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြပြီး ငါးပါးသီလခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်-မွန် ပြည်နယ်ချင်းဆက်လမ်းဖြစ်သော ဘားအံ-ဇာသပြင် အဖြောင့်လမ်းမကြီးဘေးရှိ တောင်သူဦးနိုင်ဝင်းအောင်၏ ကာကီကင်းဘဲလ် (၁၃၇၀၀)ကောင်နှင့် တောင်သူ ဒေါ်မိကြည်သန်း၏ အသားတိုးဝက်(၂၀၀)ကောင် မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဒေါက်တာတင်နွယ်ရီက ဘားအံမြို့နယ်၊ဇာသပြင်အနောက်ကျေးရွာရှိ မြေဧရိယာ (၂၈ ဒဿမ ၅ )ဧကပေါ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ ဥစားဘဲနှင့်အသားတိုးဝက်မွေးမြူထားရှိမှုအခြေ အနေများကိုရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံရေးအတွက် လက်ရှိမွေးမြူ သည့်အကောင်ရေထက် ပိုမိုတိုးတက်မွေးမြူထုတ်လုပ်ကြရန် ၊ တိရစ္ဆာန်အစာကို ကိုယ်တိုင်ထုတ်လုပ်နိုင်သည့်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်၊ တောင်သူများတင်ပြသည့် ငါးစပါး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအား အကောင်အထည် ဖော်နိုင်ရန် မြေပြင်ကွင်းဆင်းစိစစ်တိုင်းတာ၍ ပြန်လည်တင်ပြပေးကြရန် မှာကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဥစားဘဲခြံများနှင့် အသားတိုးဝက်မွေးမြူရေးခြံများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-ဇာသပြင်အဖြောင့်လမ်းမကြီးဘေး တောင်သူကုန်း ကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဦးစောအောင်မြင့်တင်၏ အစုအဖွဲ့ဖြင့်ဆောင်ရွက်လျက်ရှိသော ငါးမွေးကန်(၇)ကန် ဧရိယာ (၇၄ဒဿမ၈)ဧကတွင် ငါးတန်၊ ငါးမုတ်၊ တီလားပီးယား၊ ငါးမြစ်ချင်း၊ ငါးကြင်းရွှေဝါ အစရှိသောငါးမျိုးများမွေးမြူထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးစုံမိုင်းက ငါးမွေးကန်များအလိုက်မွေးမြူဆောင်ရွက်ထားမှုအခြေအနေ၊ ငါးမွေးကန်များဆက်လက် တူးဖော်မွေးမြူမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ အဆိုပါ ငါးမွေးကန်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။