ဘားအံ - ဒီဇင်ဘာ (၉)
ကရင်ပြည်နယ်အတွင်း ယခုနှစ် ဇူလိုင်လတွင်တစ်ကြိမ်၊ စက်တင်ဘာလတွင်တစ်ကြိမ် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေချောင်းရေကြီးခြင်းနှင့်အတူ ရေကြီးရေလျှံသဘာဝဘေးဒဏ်ကြောင့် လူနှင့်တိ ရစ္ဆာန်များရေဘေးဒဏ်ခံစားခဲ့ရပြီး ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက နွားများသေဆုံးမှုကို ပြန်လည်ဖြည့် ဆည်းရေးအတွက် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ တိရစ္ဆာန်နှင့်ဆေးများထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ တိရစ္ဆာန်နှင့်ဆေးဝါးများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ထိခိုက်ပျက်စီးမှုများကို အချိန်တိုအတွင်းဖြည့်ဆည်း ပေးသည့်အတွက် မွေးမြူရေးလုပ်ငန်းများအမြန်ပြန်လည်ထူထောင်နိုင်ပြီး ဆုံးရှုံးသူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးလာစေ မည်ဖြစ်၍ နိုင်ငံတော်၏စေတနာကိုနားလည်ပြီး မွေးမြူရေးလုပ်ငန်းများကို ပိုမိုအောင်မြင်အောင်ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သဘာဝဘေးရေကြိးနစ်မြုပ်မှုကြောင့် ဘားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်တို့မှ သေဆုံးခဲ့သည့်နွား(၂၂)ကောင်အတွက်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ နွားတစ်ကောင် ကိုငွေကျပ် ၇ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၅၄ သိန်း၊ ငွေကျပ် ၃ သိန်းခန့်တန်ဖိုးရှိ ကုသဆေး၊ အားဆေး၊ ပိုးသတ်းဆေးများ၊ တိရိစ္ဆာန်အစာပင်စိုက်ပျိုးရန် တစ်ဧက ၁၀၅၅၀၀ဝိ/-နှုန်းဖြင့် ၁၂ ဧကအတွက် ငွေကျပ် ၁၂၆၆၀၀၀ဝိ/-တို့ကို ထောက်ပံ့ပေးအပ်ကြရာ မွေးမြူရေးတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာကြသည့်မွေးမြူရေးတောင်သူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး သေဆုံးနွားများအတွက် ထောက်ပံ့ပေး မည့် နွားများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။