
ဘားအံ - ဇွန် (၇)
ကမ္ဘာ့နိုင်ငံများတွင် (၁၀)နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူလျက်ရှိပြီး လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်းနောက်ဆုံးအခြေအနေနှင့်ကိုက်ညီသည့်အချက်အလက်များရရှိနိုင်ရန် ၂၀၂၄ ခုနှစ် နှစ်ကုန် ပိုင်းတွင် သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကိုဆောင်ရွက်သွားမည်ဖြစ်ရာ ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီနှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီ၏(၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လူဦး ရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသည့်အချက်အလက်ကိန်းဂဏန်းများမှာ နိုင်ငံတော် ၏ စီးပွားရေး၊ပညာရေး၊ကျန်းမာရေး အစရှိသည့်ကဏ္ဍအသီးသီးက စီမံကိန်းများချမှတ်ရာတွင် အဓိကထားစံပြုရမည့် အချက်အလက်ကိန်းဂဏန်းများဖြစ်သည့်အတွက် ကော်မတီဝင်များနှင့်သက်ဆိုင်ရာဌာနများမှ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ပေးကြရန်နှင့် အထူးအလေးထားဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးဦးကျော်မြင့်က လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ Video Clip ကိုပြသပြီး သန်းခေါင်းစာရင်းပင်မလုပ်ငန်းစဉ်(၄)ရပ်၊ ဆောင်ရွက်ပြီးနှင့်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ သန်းခေါင်စာရင်းကောက်ကွက်နှင့်စာရင်းစစ်/စာရင်းကောက်လိုအပ်ချက်၊ အတည်ပြုခန့်ထားရမည့် စာ ရင်းစစ်၊စာရင်းကောက်အင်အား၊ သင်တန်းဖွင့်လှစ်ပို့ချမည့်အစီအစဉ်နှင့် (၁/၂၀၂၄)အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော် မတီအဖွဲ့ဝင်များနှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများက မြို့နယ်အလိုက်မြေပြင်စာရင်းကောက်ယူပြီးစီးမှု နှင့်ခန့်မှန်းကောက်ကွက်စာရင်းများ၊ သင်တန်းဖွင့်လှစ်မည့်လျာထားနေရာများ အစရှိသည့်သန်းခေါင်စာရင်းကောက် ယူရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှု များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ အမှတ်(၅) ရပ်ကွက်၊ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းဓမ္မာရုံ၌ ပြည်နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ ဘားအံစာစစ်ဌာနတွင် ပြည်နယ်အတွင်းရှိ သံဃာတော်များ စာဖြေနေမှု အား ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့နှင့် ကြီးကြပ်ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက် ထားတင်ပြပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ အစိုးရနိကာယ်စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး အလှူငွေကျပ်(၁၀)သိန်းကို ဥပသကာတစ်ဦးထံထောက်ပံ့ လှူဒါန်းခဲ့သည်။
(၃၁)ကြိမ်မြောက်အစိုးရနိကာယ်စာမေးပွဲ ဘားအံစာဖြေဌာန(ကရင်ပြည်နယ်)တွင် မဟာဝိဒူတန်းအုပ်စု(၁)၌ ၄ ပါး၊ ဝိဒူတန်းအုပ်စု(၁)၌ ၁၀၁ပါး၊ ဝိဒူတန်းအုပ်စု(၂)၌ ၁၁ ပါး၊ ဝိဒူတန်းအုပ်စု(၃) ၂ ပါး၊ ဝိဒူတန်းအုပ်စု(၅) ၁၉ ပါး၊ ဝိဒူတန်းအုပ်စု(၈)၌ ၈ ပါး၊ ဝိဒူတန်းအုပ်စု(၉)၌ ၁ ပါး စုစုပေါင်း ၁၄၆ ပါးက ဇွန်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ ဖြေဆို သွားမည်ဖြစ်ပါသည်။