ဘားအံ - ဇွန် (၂၄)

            ကရင်ပြည်နယ်အတွင်း နေရာအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုအားနည်းသည့်အတွက် အဆိုပါဒေသ များတွင် နေထိုင်သူများသည် ဘားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်များရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ယာယီပြောင်း ရွှေ့နေထိုင်လျက်ရှိရာ ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်ကရင်ပြည်နယ်အစိုးရအဖွဲ့တို့မှ ယာယီပြောင်းရွှေ့နေထိုင်သူများအား ဆန်၊ ဆီ၊ ကြက်ဥ အစရှိသောစားသောက်ကုန်များထောက်ပံ့ပေးအပ်ခဲ့သည်။

            ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လက်ရှိကာလတွင် ကော့ကရိတ် မြို့နယ်အတွင်း နယ်မြေစိုးမိုးမှုရလာသည်နှင့်အမျှ ယာယီပြောင်းရွှေ့နေထိုင်သူများသည် ကော့ကရိတ်မြို့နယ်နှင့် ကောဘိန်း၊ကော့ပေါက်ကျေးရွာအုပ်စုများသို့ ပြန်လည်ထွက်ခွာလျက်ရှိပြီး တပ်မတော်အနေဖြင့် နယ်မြေလုံခြုံ၍ တည်ငြိမ်အေးချမ်းမှုရရှိအောင် အဖက်ဖက်မှဆောင်ရွက်နေသကဲ့သို့ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရ အဖွဲ့တို့မှလည်း ယာယီပြောင်းရွှေ့နေထိုင်သူများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို အားနည်းချက်မဖြစ်ရအောင် ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထား ရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ၏ ညှိနှိုင်းပေးမှုဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းပြီး အိမ်ထောင်စုတစ်စုလျှင် ဆန်(၅)ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်ဥ (၂၀)လုံးနှုန်းဖြင့် ဘားအံမြို့နယ်အတွင်းရှိ အိမ်ထောင်စု(၃၂၀၅)စုကို ဆန်  ၆၆၇  အိတ် ၁၇ ပြည်၊ ဆီ   ၃၂၀၅   ပိဿာ၊ ကြက်ဥ ၆၄၁၀၀ လုံးတို့ကို ထောက်ပံ့ပေးအပ်သည်။

            ယာယီပြောင်းရွှေ့နေထိုင်သူများ စားဝတ်နေရေးကိစ္စရပ်များအဆင်ပြေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ အစီ အစဉ်ဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှစ၍ အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၁)လီတာ၊ ခေါက်ဆွဲ ခြောက်(၁၀)ထုပ်နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထိ အိမ်ထောင်စုပေါင်း ၂၉၆၅ စု၊ လူဦးရေ(၁၅၆၃၈)ဦးတို့အား ဆန်(၁၃၂၁)အိတ်(၁၆)ပြည်၊ ဆီ(၃၉၆၅)လီတာ၊ ခေါက်ဆွဲခြောက်(၇၆၁)ဖာ(၂၀)ထုပ်တို့ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှထောက်ပံ့သောဆန်ရိက္ခာ များကို ဘားအံမြို့နယ်အတွင်းယာယီပြောင်းရွှေ့နေထိုင်သူများအား ပထမအကြိမ် အိမ်ထောင် စု(၂၈၉၉)စု၊ လူဦးရေ (၁၁၅၀၈)ဦးနှင့် ထပ်မံရောက်ရှိလာသော အိမ်ထောင်စုများအား ဒုတိယအကြိမ် အိမ်ထောင်စု (၆၈၆)စု၊ လူဦးရေ (၂၆၈၅)ဦးတို့အား ဆန်(၃)လစာထောက်ပံ့ပေးခဲ့ကာ ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ၏ညှိနှိုင်းပေးမှုဖြင့် နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းပြီး ပြည်နယ်အတွင်း မြို့နယ်(၆)မြို့နယ်ရှိ အိမ်ထောင်စု (၈၄၆၂)စုကို ဆန်(၅)ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်ဥ (၂၀)လုံးနှုန်း ထောက်ပံ့ပေးခဲ့ပါသည်။