ဘားအံ - မေ (၁၄)
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူငယ်ရေးရာကော်မတီတို့မှကြီးမှူးကျင်းပသော နွေရာသီကင်းထောက်သင် တန်းဖွင့်ပွဲအခမ်းအနားကို ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမ၌ ကျင်းပသည်။
ဦးစွာ ကင်းထောက်သင်တန်းသား၊သင်တန်းသူများက ကင်းထောက်ဂုဏ်ရည် သီချင်းဖြင့်ဂုဏ်ပြုသီဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်မှအားထားရမည့် ကြီးမားသည့်အင်အားစုတစ်ရပ်ဖြစ်သော ကျောင်းသား၊ကျောင်း သူ လူငယ်များကို အစဉ်သင့် ဆိုသည့်ကင်းထောက်ဆောင်ပုဒ်နှင့်အညီ မည်သည့်အရေးပေါ်ကိစ္စတာဝန်ကိုမဆို ဖြတ်ထိုးဉာဏ်ဖြင့်လျင်မြန်စွာဖြေရှင်းဆောင်ရွက်တတ်စေရန်၊ မိဘ၊ ဆရာ၊ ခေါင်းဆောင်တို့၏အမိန့်ကိုတသွေမတိမ်း လိုက်နာတတ်စေရန် အတွက် ဝိုင်းဝန်းပြုစုပျိုးထောင်ရင်း ကင်းထောက်လုပ်ငန်းများအောင်မြင်အောင် တာဝန်ရှိသူ အပေါင်းမှကိုယ်စီပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီကင်းထောက်သင်တန်းအတွက် ငွေကျပ် ၁၀၅၄၂၅၀ဝိ/- (တစ်ရာ့ ငါးသိန်းလေးသောင်းနှစ်ထောင့်ငါးရာ)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးစော ထွန်းအောင်က ကင်းထောက်နည်းပြနှင့်သင်တန်းသား၊သင်တန်းသူများအတွက် ကင်းထောက်လည်စည်းများကို ပေးအပ်ကာ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က ကင်းထောက်သင်တန်းသား၊သင်တန်းသူများအတွက် ကင်းထောက် လက်စွဲစာအုပ်များကို ပေးအပ်သည်။
၂၀၂၄ ခုနှစ် နွေရာသီကင်းထောက်သင်တန်းသို့ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၁၅၀ ဦးတက်ရောက်ကြပြီး ကင်းထောက်နည်းပြ ၁၅ ဦးဖြင့် မေလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့ ထိ (၄)ရက်ကြာကင်းထောက်ပညာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကင်းထောက်နည်းပြများ၊ ကင်းထောက်သင်တန်း သား၊သင်တန်းသူများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကင်းထောက်သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ကင်းထောက်လူငယ်သုံးအသုံးအဆောင်ပစ္စည်းများ အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင် ရေးလှုပ်ရှားမှုအခမ်းအနားကို မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။
ဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသူလေးများက “ပညာဘဏ်တိုက်စာကြည့် တိုက်သို့သွားကြစို့” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် စာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အခြေခံအကျဆုံးလုပ်ငန်းမှာ ကျောင်းစာကြည့်တိုက်များနှင့် ကျောင်းသား၊ကျောင်းသူများကိုအခြေခံရသည့်လုပ်ငန်းဖြစ်သည့်အတွက် ကျောင်းသားလူငယ်လူရွယ်များစာဖတ်သည့် ဓလေ့၊ စာကြည့်တိုက်များသို့သွားပြီးဝင်ထွက်သွားလာသည့်အလေ့အကျင့်ကောင်းများကို မွေးမြူပေးနိုင်မှသာ အသက် အရွယ်ကြီးရင့်ချိန်တွင် စာဖတ်သည့်ဓလေ့စရိုက်များဖြစ်ထွန်းလာကာ စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားပြီး စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ အချို့စာကြည့်တိုက်များတွင် စာဖတ်ဝိုင်းများဦးဆောင် ကျင်းပ၍ မိမိတို့ဖတ်ထားသည့်စာများကို သုံးသပ်နိုင်ရန်၊ ဆွေးနွေးတတ်ရန်၊ အမြင်မတူသည်များကို ယဉ်ကျေးစွာဆွေး နွေးတတ်စေရန် စာဖတ်ဝိုင်းများကို ကျင်းပပေးခြင်းဖြစ်ပြီး စာဖတ်သည့်ဓလေ့စရိုက်များထွန်းကားလာကာ စာဖတ် ရှိန်မြှင့်လာခြင်းမှတစ်ဆင့် စာကြည့်တိုက်များလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဒီဂရီကောလိပ်မှဆရာ၊ဆရာမများနှင့် တက်ရောက်လာသူများ က “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” Video Clip အား အတူတကွကြည့်ရှုခဲ့ကြပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် ဘားအံပညာရေးဒီဂရီကောလိပ် မြန်မာစာဌာနမှ နည်းပြဒေါ်နန်းဟိလယာ က စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ ဘားအံပညာရေးဒီဂရီကောလိပ်မြန်မာစာဌာနမှ ပါမောက္ခ ဒေါ်နီတာသောင်း က စာအုပ်စာပေဖတ်ရှုခြင်းနှင့် Online အသုံးပြု၍စာဖတ်ခြင်းအကျိုးကျေးဇူးများ ကွာခြားခြင်း အကြောင်းကိုလည်းကောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း(ပြ) ဒေါ်ဝင်းဝင်းမော်က ကျေးရွာစာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်းကောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မှအထက်တန်း(ပြ)ဒေါ်စိုးကေခိုင်က ကျောင်းစာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးခဲ့ကြသည့် ဆရာမများအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရာက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးခဲ့ကြကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်စာစောင်များ၊ ရွေ့လျားစာကြည့်တိုက်ယာဉ်တို့ကို ကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံပညာရေးဒီဂရီကောလိပ်၏ ပညာမဏ္ဍိုင်စာကြည့် တိုက်တွင် စာအုပ်၊ စာစောင်များ ခင်းကျင်းပြသငှါးရမ်းပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုအားပေးပြီး အဆိုပါ စာကြည့်တိုက်အတွက် ငွေကျပ် သိန်း(၂၀)ကို ကျောင်းအုပ်ဆရာမကြီးထံထောက်ပံ့ပေးအပ်ကာ အဆိုပါစာကြည့်တိုက် ရှိ E-Library နှင့် ပရိဘောဂ၊ စာအုပ်၊ စာပေများကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအားလိုအပ်သည် များ မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာ၊ ဇွဲကပင်ပညာစာကြည့် တိုက်သို့ သွားရောက်ပြီး စာကြည့်တိုက်အတွင်း စာအုပ်၊စာစောင်၊ပရိဘောဂများ ပြည့်စုံလုံလောက်မှုရှိ/မရှိနှင့် စာဖတ်၊ စာငှါး အခြေအနေများကို ကြည့်ရှုအားပေးကာ ကျေးရွာစာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ် (၅)သိန်းတန်ဖိုးရှိ စာအုပ်၊စာစောင်များကိုပေးအပ်လှူဒါန်းကာ တာဝန်ရှိသူများအားလိုအပ်သည်များမှာကြားခဲ့ပါသည်။