ဘားအံ - ဩဂုတ် (၂၃)
ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုတစ်ရပ်ဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကရင်ပြည်နယ်နေရာအနှံအပြားနှင့် ကရင်လူမျိုးများနေထိုင်ရာနေရာဒေသအသီးသီးတို့တွင်ဆင်ယင်ကျင်း ပလေ့ရှိပြီး ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ (၄၇)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ အဖွဲ့ဝင်ဦးမောင်မောင်အုန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြ သည်။
ဦးစွာ သဘာပတိနှင့်အဖွဲ့ဝင်များက စင်မြင့်ထက်တွင်နေရာယူ၍ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ် ခါင်စူး)ဆိုင်ရာ များကို သဘာပတိက ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘိုးဘွားများ ရှေးနှစ်ပေါင်းများစွာကတည်းကထားရှိခဲ့သည့် ကောင်းမြတ်သောရိုးရာအမွေအနှစ်တစ်ခုကို မပျောက်ပျက်အောင် ကရင် လူငယ်များအားလုံးက ကြီးမားသည့်တာဝန်တစ်ရပ်အနေဖြင့်ခံယူ၍ မြတ်မြတ်နိုးနိုးဖြင့်လက်ဆင့်ကမ်းထိန်းသိမ်းပေးကြစေ လိုကြောင်း၊ အဝေးတွင်လွင့်ပျံ့နေသည့်ဝိဉာဉ်များပြန်လာကြပါ၊ ကိုယ်တွင်းရှိဂြိုလ်ဆိုးနတ်ဆိုးများအပြင်ထွက်ပြီး လွင့်စင် ပျောက်ပျက်ပါစေ၊ ကျန်းမာခြင်းလာဘ်လဘများ၊ ကျန်းမာခြင်းသုခများ ခန္ဓာကိုယ်တွင်း ဝင်ရောက်ကြပါစေဟု ဆုတောင်း မေတ္တာပို့သအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ဖြစ်ပေါ်လာပုံ ကို ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ဖတ်ကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်သိန်း (၃၀၀)ကို ပွဲတော်ကျင်းပရေးကော်မတီနာယကထံ ချီးမြှင့်ပေးအပ်ကာ ပွဲတော်ကျင်းပရေးကော်မတီမှ(၄၇)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ(လာခုင်ခါင်.စူး)ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူငွေထည့်ဝင်သူများအားဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်၍ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားသည်။
ယင်းနောက် ပွဲတော်ကိုဦးဆောင်ကျင်းပမည့် အကြီးအမှူးနှင့်အရန်(၂) ဦး၊ ချည်ဖြူဖွဲ့ပေးမည့် အဖိုးနှင့်အဖွားများက မြေးငယ်များခြံရံလျက် သတ်မှတ်နေရာအသီးသီးတွင်နေရာယူကြပြီး ပွဲတော်အကြီးအမှူးက မကောင်းသောစိတ်ဝိညာဉ် ဆိုးများ လူတိုင်း၏ခန္ဓာကိုယ်မှ ဖယ်ခွာစွန့်ထုတ်သွားစေရန် ကရင်ဘာသာဖြင့်ရွတ်ဆိုမောင်းထုတ်၍ လူတိုင်း၏ခန္ဓာကိုယ် အား အစဉ်အမြဲစောင့်ရှောက်ပေးသည့် ဝိဉာဉ်လိပ်ပြာကောင်းများ အသီးသီးပြန်လည်ဝင်ရောက်လာစေရန် ကရင်ဘာသာ ဖြင့် ရွတ်ဆိုခေါ်ယူသည်။
ပွဲတော်အကြီးအမှူး ခေါ်ယူရောက်ရှိလာသော (၇)ရက်သား၊သမီးများ၏ဝိညာဉ်လိပ်ပြာကောင်းများ ရွှင်လန်းဝမ်း မြောက်စေရန် ရိုးရာသီချင်းဖြင့်ဂုဏ်ပြုကြိုဆိုကြပြီး ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အဖွဲ့ဝင် ဦးမောင်မောင်အုန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ကရင်တိုင်းရင်းသားရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက အဖိုး၊အဖွားများထံတွင် ချည်ဖြူဖွဲ့မင်္ဂလာ ခံယူခဲ့ကြသည်။
ချည်ဖြူဖွဲ့ရာတွင် ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သောရေ၊ ကြံပိုင်း စသည့်ပစ္စည်း(၇)မျိုးပါဝင်ပြီး တစ်ခုချင်းစီ၏ဂုဏ်သတ္တိများအလိုက် ကရင်တိုင်းရင်းသားတို့အား စုပေါင်းညီညွတ်စွာနေထိုင် စေလိုသည့်အဓိပ္ပါယ်များပါဝင်ကြောင်း၊ မွန်မြတ်သန့်စင်၍ ချစ်စရာကောင်းသည့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာ ကောင်းများကို ကရင်တိုင်းရင်းသားများထိန်းသိမ်းသည့်ပွဲတော်တစ်ရပ်ဖြစ်ကြောင်းနှင့်ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ကို ဝါခေါင်လတစ်လလုံး နေရာဒေသအနှံ့အပြားတွင်ကျင်းပလေ့ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ပါသည်။















