ဘားအံ - ဩဂုတ် (၁၂)
ကရင်ပြည်နယ်ကိုယ်စားပြု ဗဟိုအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရထူးချွန်လူငယ်(၇၀)ဦးအား ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား တွင် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားကို ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီကကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက်မူဝါဒများချမှတ်ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်အကြီး အကဲကိုယ်တိုင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအားပေးဆောင်ရွက်နေသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီအနေဖြင့် လူငယ်ရေးရာပြက္ခဒိန်ရေးဆွဲပြီး လူငယ်များဗလငါးတန်ဖွံ့ ဖြိုးရေးအတွက် လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများ၊ သင်တန်းများ၊ ရက်သတ္တပတ်လှုပ်ရှားမှုများစသည့်လှုပ်ရှားမှု များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်မောင်မယ်များအနေဖြင့်လည်း ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်အောင်ကြိုးစားကြပြီး ပြောင်းလဲနေသည့်နည်းပညာခေတ်ကြီးတွင် မြန်မာမှာသာမက ကမ္ဘာ့လူငယ်များ ကို ရင်ဘောင်တန်းနိုင်အောင် စဉ်ဆက်မပြတ်လေ့လာကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကရင်ပြည်နယ်မှတစ်ဆင့် ဗဟိုအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ ထူးချွန်လူငယ်(၇၀)ဦးအား ဂုဏ်ပြုဆု(၂၁)ဆုကို ပေးအပ်ချီးမြှင့်ကြပြီး တက်ရောက်လာသောဧည့်ပရိတ်သတ်များနှင့် အတူ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက်မှတ် တမ်း Video ကို အတူတကွကြည့်ရှုကြသည်။
ယင်းနောက် ဘားအံပညာရေးဒီဂရီကောလိပ်မှကျောင်းသား၊ကျောင်းသူများက လူငယ်ဂုဏ်ပြုတေးသီချင်း ဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ကရင်ယဉ်ကျေးမှုအဖွဲ့၊ မွန်ယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းယဉ်ကျေးမှုအဖွဲ့၊ ရှမ်းယဉ်ကျေးမှု အဖွဲ့တို့မှ လူငယ်မောင်မယ်များက တိုင်းရင်းသားယဉ်ကျေးမှုအကများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ် ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး ယဉ်ကျေးမှုအဖွဲ့များ၊ ထူးချွန်လူငယ်များနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ဌာနဆိုင်ရာများ၊ ထူးချွန်လူငယ်များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ တက်ရောက်လာသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများက ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ခင်းကျင်းပြသထားသော ပြည်နယ်အတွင်းလူငယ်ရေးရာလှုပ်ရှားဆောင်ရွက် မှု (၁၂ x ၁၈ လက်မအရွယ်) မှတ်တမ်းဓာတ်ပုံပေါင်း ၁၃၀ ကျော်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။