ဘားအံ - ဩဂုတ် (၁)

            နိုင်ငံသားအားလုံးသည် မိမိနိုင်ငံကိုကာကွယ်ရန်တာဝန်ရှိပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ တပ်မတော်တွင်တာဝန် ထမ်းဆောင်ရန် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၇)(၇/၂၀၂၆)သို့တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများ အား ဩဂုတ်လ ၁ ရက်နေ့ နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်းနှင့်တာဝန်ရှိသူများက ဘားအံမြို့၊ နယ်မြေခံသင်တန်းကျောင်း၌ သွားရောက် တွေ့ဆုံအားပေးခဲ့ကြသည်။

            ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြည်သူတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဝင်ရောက်ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးတစ်ခုလုံးနှင့် နိုင်ငံသူ/နိုင်ငံသားအားလုံး ကိုကာကွယ်စောင့်ရှောက်ခြင်းဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသောတပ်မတော်ကို ပြည်သူများအနေ ဖြင့် ပူးပေါင်းကူညီရမည်ဖြစ်သကဲ့သို့ အနာဂတ်ကာလတွင်လည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့မှ အတူတကွ ပူးပေါင်း၍ နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ကရင်ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၇)(၇/၂၀၂၆)တွင် သင်တန်းတက်ရောက်၍ စစ်ပညာရပ်များသင်ကြားကြ မည့်နိုင်ငံ့သားကောင်းရတနာများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်အရာရှိများက နိုင်ငံ့သားကောင်းရတနာများအား တစ်ဦးချင်းရင်းနှီး နွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။