ဘားအံ - စက်တင်ဘာ (၁၁)

            ပြည်သူ့ကျန်းမာရေးဆိုင်ရာလုပ်ငန်းများအတွက် အခြေခံကျသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေး နိုင်ရန် ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၄)သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၁၁ ရက် နေ့ နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

            အဆိုပါသင်တန်းကို(၆)လကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြည်နယ်အတွင်းမှ သင်တန်းသား၊သင်တန်းသူ(၂၅)ဦး တက်ရောက်ကြကာ သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသား/သင်တန်းသူများ အနေဖြင့် သင်တန်းပြီးဆုံးသည့်အခါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သိရှိနားလည်လာမည်ဖြစ်ပြီး မိမိတို့  တာဝန်ကျရာဒေသတွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ကျန်းမာရေးကဏ္ဍကို အထောက်အကူပြုနိုင်သူများဖြစ်သည့်အတွက် သင်တန်းဆရာများ၏ သင်ကြားပို့ချမှု များကို ကြိုးကြိုးစားစားလေ့လာသင်ယူကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊သင်တန်းသူများအား တစ်ဦးလျှင်ငွေကျပ်နှစ်သောင်းနှုန်း ဖြင့် စုစုပေါင်းငွေကျပ်(၅)သိန်းကို ထောက်ပံ့ပေးအပ်ပြီး သင်တန်းသား၊သင်တန်းသူများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံ များရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြသည်။

            ကျန်းမာရေးမှူး(၄)များကို မွေးထုတ်ပေးခြင်းဖြင့် နိုင်ငံအတွက်လိုအပ်သော လူ့စွ်းအားအရင်းအမြစ်များကို ဖြည့်ဆည်းပေးနိုင်သည်သာမက ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဖြစ်သော ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင် အားဖြည့်ဆောင်ရွက်ခြင်းဖြင့် မိမိ မိသားစုအတွက် မိမိရပ်ကွက်၊ မိမိပြည်နယ်၏ အကျိုးကျေးဇူးများကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

            အလားတူ ၂၀၂၄ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်/ဒီဂရီကောလိပ်၊ သိပ္ပံနှင့် ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ မိုးလုံလေလုံ အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီး ချုပ်က ယနေ့ကျင်းပသည့်ပြိုင်ပွဲသည် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ် ပြိုင်မည့် ကရင်ပြည်နယ်ကိုယ်စားပြုကြက်တောင်အားကစားသမားများရွေးချယ်နိုင်ရန်နှင့် အရည်အချင်းပြည့်မီသည့် ကရင်ပြည်နယ်ဂုဏ်ဆောင်ကြက်တောင်ရိုက်လက်ရွေးစင်မောင်မယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်ခြင်းဖြစ် ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအားလုံး ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်း ဥပဒေဘောင်အတွင်းမှ သန့်သန့်ရှင်းရှင်းနှင့်ယှဉ် ပြိုင်ကစားကြရန်၊ ဒိုင်လူကြီးများ၏အဆုံးအဖြတ်ကိုလိုက်နာပြီးအားကစားသမားကောင်းစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်သွား ကြရန် တိုက်တွန်းပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။

            အဆိုပါပြိုင်ပွဲသို့ ကြက်တောင်အားကစားအသင်း(၈)သင်းမှအားကစားသား(၉၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အားကစားသမား များအားရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံနှုတ်ဆက်ပြီး ပြိုင်ပွဲဝင်ကြက်တောင်ရိုက်အသင်းတစ်သင်းလျှင်ငွေကျပ်(၆)သိန်း စီထောက်ပံ့ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးသော ဘင်ခရာနှင့်ပန်းပွားအဖွဲ့တို့ အား ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

            ထို့နောက် ပြိုင်ပွဲဝင်ကြက်တောင်ရိုက်အားကစားအသင်းများသည် ကွင်းအတွင်းမှပြန်လည်ထွက်ခွာပြီး ပြိုင်ပွဲ အားစတင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်တောင်ရိုက်အားကစားဝါသနာရှင်မများက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲများကို စက်တင်ဘာလ ၁၀ ရက် နေ့မှ ၁၂ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပါသည်။