ဘားအံ - ဩဂုတ် (၅)

            လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ဩဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အတွင်း သဘာဝဘေးဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေး၍  ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

            ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရ ကျောင်း ဦးစီးပဓာနနာယက(ဒုတိယမြိုင်ကြီးငူ)ဆရာတော် ဘဒ္ဒန္တဉာဏိကအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြပြီး ဆန်၊ဆီအစရှိသောလှူဖွယ်ဝတ္ထုပစ္စည်း များနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နယ်မြေတည်ငြိမ်အေးချမ်းမှု အားနည်းသည့်အတွက် မြိုင်ကြီးငူအထူးဒေသသို့ ယာယီပြောင်းရွှေ့နေထိုင်သော နေရပ်စွန့်ခွာပြည်သူများအား စုံနံ့သာမြိုင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စုံချစ်မြိုင်ခန်းမ၌သွားရောက်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံနှင့်ဒေသငြိမ်းချမ်းပါက ခံစားနေရသောလူမှုဒုက္ခများမှ ကင်းဝေးကြရမည်ဖြစ်၍ မိမိတို့အသီးသီးငြိမ်းချမ်းရေးကို လက်ဆင့်ကမ်းနိုင်ရေး ကြိုးစားကြရန်အားပေးစကားများပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေထိုင်စဉ် ကာလအတွင်း စည်းစည်းလုံးလုံးနေထိုင်ကြစေလိုပြီး တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးကိုအထူးဂရုပြုကြရန် ပြောကြားကာ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု ၁၁၇၁ စု၊ လူဦးရေ ၆၁၆၃ ဦး အတွက် ဆန်ရိက္ခာဖိုး(၅၅,၄၆၇,၀၀ဝိ/-)နှင့် နိုင်ငံတော်အကြီးအကဲ၏အစီအမံဖြင့် ထောက်ပံ့သည့် ငွေကျပ် (၉၅,၇၄၅,၀၀ဝိ/-) တန်ဖိုးရှိ Smart ကျား/မ ဝတ် ရှပ်အင်္ကျီ(၆၁၆၃)ထည်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်၍ နေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများပြောကြားခဲ့သည်။

            ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြိုင်ကြီးငူ အောင်မင်္ဂလာ စာသင်တိုက်ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့သွားရောက်ပြီး ဆွေမြတ်မျိုးကြွယ်ပရိယတ္တိစာသင်တိုက်ဆရာ တော်ဘဒ္ဒန္တသီရိဓမ္မအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင် ပြကာ လှူဖွယ်ဝတ္တုပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်အိမ်ထောင်စု ၉၆၅ စု၊ လူဦးရေ ၅၃၉၀ ဦးအတွက် ဆန်ရိက္ခာဖိုးငွေ ဆန်ရိက္ခာဖိုး(၄၈,၅၁၀,၀၀ဝိ/-)ကျပ်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ  ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့နေ ထိုင်သော အိမ်ထောင်စု (၁၂၁)စု၊ လူဦးရေ(၅၅၂)ဦးအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်ရိက္ခာဖိုး ငွေ(၄,၉၆၈,၀၀ဝိ/-)ကျပ်၊ ငါးသေတ္တာ(၅၅၂)ဘူး၊ ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်ကာ အဆိုပါကယ်ဆယ်ရေးစခန်းရှိ ကလေးငယ်များအား အာဟာရဖြည့်စွက်စားစရာမုန့်များ ဝေငှပေးခဲ့ကြသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစားခန်းမ ရေဘေးကယ်ဆယ်‌ရေးစခန်းရှိ အိမ်ထောင်စု (၂၇၉)စု၊ လူဦးရေ(၁၃၅၅)ဦးအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်ရိက္ခာဖိုးငွေ (၁၂,၁၉၅,၀၀ဝိ/-)ကျပ်၊ ငါးသေတ္တာ(၁၃၅၅)ဘူး၊ ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်ကာ အဆိုပါကယ်ဆယ်ရေးစခန်းရှိ ကလေးငယ်များအား အာဟာရဖြည့်စွက်စားစရာမုန့်များဝေငှ ပေးခဲ့ကြသည်။

            ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ မိုးလုံလေလုံ အားကစားခန်းမ ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု( ၁၅၀ )၊ လူဦးရေ( ၆၈၁ )တို့အား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ဆန်ရိက္ခာဖိုးငွေ (၆,၁၂၉,၀၀ဝိ/-)ကျပ်၊ငါးသေတ္တာ(၆၈၁)ဘူး ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်ကာ အဆိုပါကယ်ဆယ်ရေးစခန်းရှိ ကလေးငယ်များအား အာဟာရ ဖြည့်စွက်စားစရာမုန့်များကို ဝေငှပေးခဲ့ကြသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ရွှေယဉ်မျှော်ပြည် တော်ဧစေတီတော် ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၂၃၆)စု၊ လူဦးရေ(၁၁၈၁)ဦးတို့အား သွားရောက် တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်ရိက္ခာဖိုးငွေ (၁၀၆၂၉၀၀ဝိ/-)ကျပ်၊ငါးသေတ္တာ(၁၁၈၁)ဘူး၊ ပြည်နယ်အစိုးရ အဖွဲ့မှ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်ကာ အဆိုပါကယ်ဆယ်ရေးစခန်းရှိ ကလေးငယ် များအား အာဟာရ ဖြည့်စွက်စားစရာမုန့်များကို ဝေငှပေးခဲ့ကြကြောင်း သတင်းရရှိသည်။