ဘားအံ - မတ် (၅)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေများကို သတ်မှတ်စည်း မျဉ်းစည်းကမ်းများနှင့်အညီ အကဲဖြတ်စောင့်ကြည့်ရေးအဖွဲ့များ၏အတည်ပြုချက်ဖြင့် အမှန်တကယ်တက်တက် ကြွကြွဆောင်ရွက်သည့်လုပ်ငန်းများကိုသာ ထုတ်ချေးပေးကြစေလိုကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ထုတ်ချေးပေးလိုက်သည့်ရန်ပုံငွေများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အထောက်အကူဖြစ်/မဖြစ်၊ အကျိုးစီးပွားဖြစ် ထွန်းမှုရှိ/မရှိ ပြန်လည်သုံးသပ်ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က မြို့နယ်များအလိုက်ချေးငွေထုတ်ချေးပေးနိုင်မှု၊ အတိုး/အရင်းပြန်လည်ပေးဆပ်မှုနှင့် ချေးငွေ ထပ်မံရယူရန်အဆိုပြုတင်ပြလာမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရယူထားပြီး မိုးစပါး၊မိုးသီးနှံနှင့်ဆောင်းသီးနှံများစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ သီးနှံ အလိုက်ချေးငွေထုတ်ချေးပေးထားမှု၊ သမဝါယမအသင်းများ၏ချေးငွေထုတ်ချေးမှု၊ ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း အသား၊ ငါး၊ ဥထုတ်လုပ်မှု၊ စားသုံးမှု၊ ပိုလျှံမှု၊ ချေးငွေထုတ်ချေးခွင့်အဆိုပြုတင်ပြထားမှုများကို ဆွေးနွေးတင်ပြကြ သည်။

            ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၏ ထုတ်ချေး/ကောက်ခံ/လက်ကျန်အခြေအနေများ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ဆန်စက်၊ ဆီစက် လုပ်ငန်းများတွင် အရင်း+အတိုး ပြေကျေအောင်ကောက်ခံရရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူဝင်ငွေတိုးပြီး ဒေသစီးပွားဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများ အပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

            ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဌာနေပြည်သူ့စစ်အဖွဲ့များအား စားသောက်ကုန်ပစ္စည်းများချီးမြှင့် ပေးအပ်သည့်အခမ်းအနားကို မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးတာဝန်များကိုထမ်းဆောင်နေကြသည့်ဌာနေပြည်သူ့စစ်အဖွဲ့များကို အခါအားလျော်စွာ ချီးမြှင့်ပေးအပ်လျက်ရှိပြီး မိမိတို့၏အဖွဲ့အစည်းကို ကျစ်ကျစ်လစ်လစ်ဖြင့်ဖွဲ့စည်းဆောင်ရွက်၍  အရည်အချင်း၊ အရည်အတွက်ပြည့်မီစွာ တာဝန်ထမ်းဆောင်ကြစေလိုကြောင်း၊ ပြည်သူနှင့်အနီးကပ်ထိတွေ့ဆက်ဆံ ရသည့်အတွက် အများပြည်သူယုံကြည်အားကိုးလာအောင်၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကိုအထောက်အပံ့ပြု နိုင်သူများဖြစ်အောင် သွားလာနေထိုင်ပြောဆိုဆက်ဆံရာတွင် အထူးဂရုပြုကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဌာနေပြည်သူ့စစ်အဖွဲ့များအား  စုစုပေါင်းငွေကျပ် ၁၀၂၆၂၅၀ဝိ/- (တစ်ရာ့နှစ်သိန်းခြောက်သောင်းနှစ်ထောင်ငါးရာကျပ်)တန်ဖိုးရှိ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် များကို ချီးမြှင့်ပေးအပ်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက လိုအပ်သည်များမှာကြားကာ ဌာနေပြည် သူ့စစ်အဖွဲ့များကိုယ်စား အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဌာနေပြည်သူ့စစ်အဖွဲ့များအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။