ဘားအံ - ဇန်နဝါရီ (၈)
ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ဘားအံမြို့၏ ၂၀၂၃ ပညာသင်နှစ် ချဉ်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ(၁)နှစ်သင်တန်းနှင့်လက်ရက်ကန်း(၆)လသင်တန်း(ဒုတိယအကြိမ်)သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၈ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းဆင်းသင်တန်းသူများအနေဖြင့် ရိုးရာရက်ကန်းပညာများတိမ်ကောပပျောက်မှုမရှိစေရန်၊ ရက်ကန်းလုပ်ငန်းများဖွံ့တိုးတက်လာစေရန်၊ မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားလာစေရန်အတွက် ထောက်ပံ့ပေးလိုက်သော ရက်ကန်းစင် များဖြင့် တစ်နိုင်တစ်ပိုင်ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်လုပ်ကိုင်ကြခြင်းဖြင့် မိသားစုအတွက်လည်း ဝင်ငွေရရှိစေ မည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်နေစဉ်အတွင်း စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ ဆီနှင့် သင်တန်းသူ တစ်ဦးလျှင် တစ်လနှစ်သောင်းကျပ်ကိုထောက်ပံ့ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းပြီးပါက ကိုယ်ပိုင်လုပ်ငန်းများထူ ထောင်နိုင်ရန် သင်တန်းသူ(၂၁)ဦးအတွက် လက်ရက်ကန်းစင်ကြီးတစ်စင်စီနှင့်ဆက်စပ်ပစ္စည်းများကိုလည်း ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းတို့က သင်တန်းသူများအား လက်ရက်ကန်းစင်နှင့်ဆက်စပ်ပစ္စည်းများကိုပေးအပ်ကာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ထူးချွန်သင်တန်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်လူမှုရေးဝန်ကြီးဦးစိုးလွင်တို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား သင်တန်းသူများထံ ပေးအပ်ပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်သည်။
ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဆင်းသင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသူများအား ထောက်ပံ့ပေးအပ်မည့် ရက်ကန်းစင် များကိုလည်းကောင်း၊ သင်တန်းသူအိပ်ဆောင်များကိုလည်းကောင်း၊ စားဖိုဆောင်နှင့်စားသောက်ဆောင်တို့ကို လည်းကောင်း၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ဘားအံ)၏ ရိုးရာထည်များပြခန်းနှင့်ဒေသထွက်လက် ဆောင်ပစ္စည်းများအရောင်းပြခန်းတွင် ရောင်းချရန်ခင်းကျင်းပြသထားသော ကရင်ဖားစည်းနှင့်ကျွဲချို၊ ဝါးနှီးတို့ဖြင့် ရက်လုပ်ထားသော လွယ်ပလိုင်း၊ ခမောက်၊ ထိုင်ခုံ အစရှိသော လက်မှုပညာပစ္စည်းများ၊ အဝတ်အထည်များ၊ ဒေသ ထွက်စားသောက်ကုန်များ၊ ရိုးရာယဉ်ကျေးမှုတူရိယာပစ္စည်းများကို လည်းကောင်း၊ သင်တန်းသူများ၏ ရိုးရာဂျပ်ခုတ် နှင့် လက်ရက်ကန်း ရက်လုပ်နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ် သည်များမှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ အခြေခံပညာနှင့်ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ပူးပေါင်းကျင်းပသော မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ စာဆိုတော်လအထိမ်းအမှတ် စာပေဟောပြောပွဲ နှင့်မဲဇာတောင်ခြေရတုသရုပ်ဖော်ပြဇာတ် တင်ဆက်ပွဲအခမ်းအနားကို နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးတက်ရောက်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာဆိုတော်လအထိမ်းအမှတ် စာပေဟောပြောပွဲနှင့်မဲဇာတောင်ခြေရတု သရုပ်ဖော်ပြဇာတ်တင်ဆက်ခြင်းအတွက် ငွေကျပ် ၃၅၀၀၀၀၀(သုံးဆယ်ငါးသိန်း)ကို ကရင်ပြည်နယ်စာကြည့်တိုက် များ ဖောင်ဒေးရှင်းဥက္ကဋ္ဌထံထောက်ပံ့ပေးအပ်ပြီး ဦးသန်းအောင်(မောင်လူဝိုင်း)က ဘုန်းနှင့်ကံနှင့်ရွှေသဇင်(ရာမရကန်) ကို ဦးအောင်မြင့်(ပညာရေးအငြိမ်းစား)မှ နောက်ခံအတီးသရုပ်ဖော်ဖြင့် ဟောပြောကာ မဲဇာတောင်ခြေရတု သရုပ်ဖော် ပြဇာတ်ကို အခန်း(၄)ခန်းဖြင့် အခြေခံပညာအထက်တန်းကျောင်း(၄)ကျောင်းမှ တစ်ကျောင်းလျှင်(၁)ခန်းစီဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ဖျော်ဖြေတင်ဆက်ကြသော ကျောင်းသား၊ကျောင်းသူများက ပြည်နယ်ဝန်ကြီးချုပ်အား ဂါရဝပြု ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စာပေဟောပြောပေးပါသော စာပေပညာရှင်နှင့်အတီးပညာရှင်၊ ဖျော်ဖြေတင်ဆက် ပေးသော အခြေခံပညာအထက်တန်းကျောင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ကာ တက်ရောက် လာသော ဧည့်ပရိတ်သတ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။