ဘားအံ - ဇူလိုင် (၆)

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ဘားအံ)၏ လက်ရက် ကန်း(၆)လ ပထမအကြိမ်သင်တန်းဆင်းပွဲနှင့် ဒုတိယအကြိမ်သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၆ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန် ရှိသူများတက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသူများ သင်တန်းကာလအတွင်း စားသောက်ရေးအဆင်ပြေစေ ရန် ဆန်၊ ဆီနှင့်ထောက်ပံ့ငွေများကို ခွင့်ပြုထောက်ပံ့ပေးခဲ့ပြီး သင်တန်းဆင်းပြီးပါက ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် သင် တန်းသူတစ်ဦးကို လက်ရက်ကန်းစင်တစ်စင်နှင့်ဆက်စပ်ပစ္စည်းများကိုလည်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကျေးလက်ဒေ သဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရန်ပုံငွေမှ နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိကာ သင်တန်းသူများအနေဖြင့် ရရှိထား သည့်အတတ်ပညာများဖြင့် ကျေနပ်မနေကြဘဲ မိမိတို့၏လူနေမှုဘဝတိုးတက်သည်ထက် တိုးတက်အောင် ခေတ်မီဆန်းသစ် သော ပညာရပ်များကို ထပ်မံလေ့လာသင်ယူ၍ မိမိကိုယ်ပိုင်ရက်ကန်းစင်ဖြင့် မိသားစုဝင်ငွေတိုးတက်ရေးရရှိအောင် ကြိုးစား လုပ်ကိုင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်တာဝန်ရှိသူများ   က သင်တန်းဆင်း သင်တန်းသူများအား ရက်ကန်းစင်နှင့်ဆက်စပ်ပစ္စည်းများ၊ သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ကြကာ သင်တန်းဆင်းသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

လက်ရက်ကန်း(၆)လ ပထမအကြိမ်သင်တန်းကို သင်တန်းသူ ၁၄ ဦး သင်တန်းဆင်းခဲ့ကြပြီး ဒုတိယအကြိမ် သင်တန်းကို သင်တန်းသူ ၁၀ ဦးဖြင့် တက်ရောက်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ခင်းကျင်းပြသထားသော လက်ရက်ကန်းနှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်းဆင်းလက်ရာများနှင့် စက်ရက်ကန်းဖြင့် ရက်ကန်းရက်လုပ်နေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ အမျိုးသားလေးယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံ မြို့နယ်အသင်းနှင့် ဖာပွန်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဖာပွန် မြို့နယ်အသင်းက နှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသူနှင့် အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ၊ လေးယောက်တွဲ ပြိုင်ပွဲတို့တွင် ဆုရရှိသောအသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသားပိုက်ကျော် ခြင်းပြိုင်ပွဲ အကောင်းဆုံးအားကစားသမားဆုရရှိသူနှင့် သုံးယောက်တွဲပြိုင်ပွဲ၊ လေးယောက်တွဲပြိုင်ပွဲ တို့တွင် ဆုရရှိသည့် အသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်းဘေဘီမြင့်က အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် ပထမရရှိသော ဖာပွန် မြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၅)သိန်းကျပ်နှင့်ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဖာပွန်မြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲ ဆု၊ ငွေသားဆု(၅)သိန်းကျပ်နှင့်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။