ဘားအံ-ဖေဖော်ဝါရီ (၂၆)

            ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး ကော်မတီမှကြီးမှူး၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အဆင့်မြင့်လျှပ်စစ်သွယ်တန်းတပ် ဆင်ခြင်းသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

            သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းကလေးအလုပ်သမား ပပျောက်စေရန်၊ နိုင်ငံတော်ဝန်ကြီးချုပ်၏အခြေခံစီးပွားရေးအကောင်အထည်ဖော်ရန်ဖြစ်သည့် MSMEs ဖွံ့ဖြိုးတိုး တက်ရေး အထောက်အကူတစ်ရပ်ဖြစ်စေမည့် စက်မှုလက်မှုလုပ်ငန်းများကို အထောက်အကူပြုစေရေး၊ လုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရန် နှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် ကြိုးစားလေ့လာ၍ သင်တန်းမှ သင်ကြားပေးခဲ့သော သင်ခန်းစာများကိုလက်တွေ့ဘဝနယ်ပယ်တွင် စနစ်တကျအသုံးချကြစေလိုကြောင်း ပြောကြား သည်။

            ထို့နောက် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းရှိန်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် NSSA မြန်မာ နိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဌာန်းရေးအဖွဲ့အကြောင်းကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုဒုတိယဝန်ကြီးနှင့် ပြည်နယ်လူမှုရေးဝန်ကြီးတို့က သင်တန်းသားထူးချွန် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိ ကြသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်း ဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

            ယင်းနောက် သင်တန်းဆင်းသင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးကကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုဒုတိယဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြော ကြားခဲ့ကြသည်။

            ယနေ့သင်တန်းဆင်းပွဲတွင် ပြည်နယ်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသား(၃၀)ဦး သင်တန်းဆင်းခဲ့ကြပြီး သင်တန်းကာလ ရက်သတ္တပတ်(၆)ပတ်ကြာမြင့်ကာ  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် သင်တန်းဆင်း သင်တန်းသားများ၏ လက်တွေ့လျှပ်စစ်သွယ်တန်းတပ်ဆင်မှု သင်တန်းဆင်းလက်ရာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ သင်တန်းသားများအား အားပေးစကားများ ပြောကြားခဲ့သည်။