ဘားအံ - ဒီဇင်ဘာ (၁၅)

            ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်ကျရောက်မည့် ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသားနှစ်သစ် ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏မတည်ချီးမြှင့်ငွေဖြင့်ဆောက်လုပ်သော လှိုင်းဘွဲမြို့ နယ်၊ အထက်ရေပူကျေးရွာအုပ်စုရှိ ဘဝအလင်း စာကြည့်တိုက် ဖွင့်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီက အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပသည်။

            အဆိုပါစာကြည့်တိုက်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့မတည်ချီးမြှင့်ငွေကျပ်သိန်း(၂၀၀)၊ ပြည်သူလူထုထည့်ဝင်ငွေ ကျပ် ၇၀၁၄၃၀ဝိ/- စုစုပေါင်းငွေကျပ် ၂၇၀၁၄၃၀၀ဝိ/-ဖြင့် ဆောက်လုပ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ပန်းပွားအဖွဲ့များ၊ယဉ်ကျေးမှု အဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘဝအလင်းစာကြည့်တိုက်အဆောက်အဦအား အမွှေး နံ့သာရည်များ ပက်ဖျန်းပေးကြပြီး စာကြည့်တိုက်အတွင်း သုတ၊ရသ စာအုပ်စာစောင်များအား ပညာရပ်အလိုက် ခင်းကျင်းထားရှိမှု၊ ဒေသခံပြည်သူများနှင့်ကျောင်းသား၊ကျောင်းသူများက စာအုပ်စာပေလာရောက်လေ့လာဖတ်ရှုနေမှု အခြေအနေများကို ကြည့်ရှုအားပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ သည်။

            ယင်းနောက် ဘဝအလင်းစာကြည့်စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့၏မတည်ချီးမြှင့်ငွေဖြင့်ဖွင့်လှစ်မည့် စာကြည့်တိုက်(၅)တိုက်လုံး ကို ဖွင့်လှစ်ပြီးစီးခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများ၊ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများကို အထူး အလေးထားဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့၏အနာဂတ်မျိုးဆက်သစ်လူငယ်များကို အစဉ်အမြဲစာပေဖတ်ရှုလေ့လာ နိုင်အောင်၊ စာဖတ်သည့်အလေ့အထများစွဲမြဲလာအောင် တိုက်တွန်းပေးကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် စေတနာရှင်၊အလှူရှင်များက ဘဝအလင်းစာကြည့်တိုက်အတွက်ငွေပဒေသာပင် ၆၄ သိန်းကို ပြည်နယ် ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့က ဘဝအလင်း စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပြည်နယ်လူမှုရေးရာဝန်ကြီးထံပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်က စာကြည့်တိုက်နှင့်ပတ်သက် သည့်စာရွက်စာတမ်းများ၊ စာအုပ်စာစောင်၊ ပရိဘောဂများကို စာကြည့်တိုက်ကော်မတီ တစ်ဦးထံ လွှဲပြောင်းပေးအပ်သည်။

            ယင်းနောက် စာကြည့်တိုက်ကော်မတီဝင်ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာကြည့်တိုက်ဖွင့်ပွဲသို့တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ် ဆက်၍ အားပေးစကားများပြောကြားကာ အထက်ရေပူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွက် အထွေ ထွေအသုံးစရိတ်ငွေကျပ်(၃)သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။