ဘားအံ - မေ (၂၃)

            “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ” ဆောင်ပုဒ်ဖြင့် ကရင်ပြည် နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများအား ရင်းနှီးစွာတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့်ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

            ထို့နောက် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပညာသင်ကြားမှုအခွင့် အလမ်းအတွက် အခြေခံပညာကဏ္ဍတွင် အစိုးရအခြေခံပညာကျောင်းများအပြင် ဘုန်းတော်ကြီးသင်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများကို ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်မှုများနှင့်အညီဖွင့်လှစ်သင်ကြားခွင့်ပေးထားပြီး ကရင်ပြည် နယ်၏ ပညာရေးဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန် ပညာရေးဆိုင်ရာဝန်ထမ်းအားလုံးအတူတကွပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

            ယင်းနောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးစသိန်းကျော်က ကျောင်းအပ်နှံရေးဆိုင်ရာကိစ္စရပ် များကို ရှင်းလင်းတင်ပြပြီး ကျောင်းသား၊ကျောင်းသူလေးများက ကျောင်းအပ်နှံရေးသီတင်းပတ် သီချင်းဖြင့် ကပြဖျော် ဖြေကြသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက နိုင်ငံတော်မှအခမဲ့ထောက်ပံ့သည့် မူလတန်းကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ခဲ့တံ၊ဘောလ်ပင်များကို ထောက်ပံ့ပေးအပ်ကြပြီး ကျောင်းသား၊ကျောင်းသူလေးများက တို့ကျောင်း၊တို့ဝန်းကျင် သီချင်းဖြင့်ဖျော်ဖြေတင်ဆက်ကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်အခြေခံပညာဦးစီးဌာန၏ ကျောင်းဖွင့်ရာသီအမီ ကြိုတင်ပြင်ဆင်လှုပ်ရှားမှုနှင့် ပညာရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို လည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ရွှေရတုခန်းမဆောင်နှင့်တွဲ၍ ဧည့်ခံဆောင်တိုးချဲ့တည်ဆောက်မည့် မြေနေရာနှင့်အဆိုပြုပုံစံတို့ကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်လက်ခံနေမှု၊ ကျောင်းသား၊ကျောင်းသူများနှင့်ကျောင်းသားမိဘများမှ လာရောက်ကျောင်း အပ်နှံနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများအား ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များကို ပေးအပ်ခဲ့ကြပါသည်။