ဘားအံ - ဖေဖော်ဝါရီ (၅)

            (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများနေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ တောင်ကလေးစုပေါင်းဝန်ထမ်းအိမ်ရာစခန်းတွင် (၄)ခန်းတွဲ(၅)ထပ် ဝန်ထမ်းအိမ်ရာအဆောက်အဦနှစ်လုံးဖွင့်ပွဲကို ကျင်းပ သည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တစ်ခုလုံးဖွံ့ဖြိုးတိုး တက်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ဝန်ထမ်းများသည် အရေးကြီးသည့်အခန်းကဏ္ဍ တွင် ပါဝင်နေသည့်အတွက် ဝန်ထမ်းများ၏နေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ဝန်ထမ်းအိမ်ရာများသာမက ပြည်သူ များနေထိုင်မှုအဆင်ပြေစေရေးပြည်သူ့အငှားအိမ်ရာများကိုပါ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊နောင်လာမည့်ဘဏ္ဍာနှစ်များတွင်လည်း ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ပြည်နယ်အတွင်း နေရာဒေသစုံတွင် စဉ်ဆက်မပြတ်ဆက်လက်အကောင်အထည်ဖော်ဆေင်ရွက်ပေးသွားမည်ဖြစ်ကာ အိမ်ရာများတွင်နေ ထိုင်ကြမည့်သူများအနေဖြင့် စည်ကမ်းချက်များနှင့်အညီ မိမိတို့၏ကိုယ်ပိုင်အိမ်များကဲ့သို့ သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၁၁၄၄ ဒဿမ ၄၀၀ သန်းကျော်စီ အကုန်အကျခံတည်ဆောက်ခဲ့သော (၄)ခန်းတွဲ(၄)ထပ် အဆောက်အဦ(၂)လုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြ ကာ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါအဆောက်အဦများတွင် နေထိုင်ကြမည့် ဝန်ထမ်းမိသားစုများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး အဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

 ကရင်ပြည်နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ထိ ဝန်ထမ်းအိမ် ရာ(၈)လုံး အခန်းပေါင်း(၁၄၈)ခန်း၊ ပြည်သူ့အငှါးအိမ်ရာ(၂)လုံး၊ အခန်းပေါင်း(၃၂)ခန်းတို့ကို ဝန်ထမ်းများနှင့်ပြည်သူများ၏ နေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရ သည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)ရှိ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ၏ အထူးနေ့လယ်စာစားပွဲကို ယနေ့နံနက် ၁၁ နာရီက အဆိုပါကျောင်း စားရိပ်သာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့် အသက်မွေးပညာအထက်တန်းကျောင်းများ တွင် ကျောင်းသား၊ကျောင်းသူများကို အသိအမှတ်ပြုတန်ဖိုးထားသောအားဖြင့် ရက်သတ္တပတ်(၁)ပတ်လျှင် တစ်ကြိမ် အလှည့်ကျဖြင့် အထူးနေ့လယ်စာစားပွဲကို ကျင်းပလျက်ရှိပြီး အလယ်အလတ်အဆင့် စိုက်ပျိုးမွေးမြူရေးပညာရှင်များကို မွေးထုတ်ပေးနေခြင်းဖြစ်သည့်အတွက် ကျောင်းစည်းကမ်း၊ အဆောင်စည်းကမ်းများကိုလိုက်နာ၍ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ပညာကိုဆည်းပူးလေ့လာသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အထူးနေ့လယ်စာအတွက် ငွေကျပ် ၁၇၆၁၆၀ဝိ/-(တစ်ဆယ့်ခုနှစ်သိန်းခြောက် သောင်းတစ်ထောင်ခြောက်ရာကျပ်)ကို ကျောင်းအုပ်ကြီးထံ ချီးမြှင့်ပေးအပ်ပြီး ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ နှင့်အတူ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြကာ ထိုသို့အထူးနေ့လယ်စာသုံးဆောင်နေမှုအား ပြည်နယ်ဝန် ကြီးချုပ်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။