ဘားအံ - ဇန်နဝါရီ (၂၇)
ကရင်ပြည်နယ်၏မြို့တော်ဘားအံမြို့အား မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်း ရောင်မြို့တော်ဖြစ်စေရေး၊ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်းသားကျောင်းသူများ ကျန်းမာပျော် ရွှင်စွာပညာသင်ကြားနိုင်ရေးတို့အတွက် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၁၈)မူလတန်းကျောင်းနှင့် အမှတ်(၈)မူလတန်းကျောင်းတို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ရပ်ကွက်နေပြည်သူ များပူးပေါင်း၍ ယာဉ်၊ယန္တရားများအသုံးပြုပြီး ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလက်စတစ်နှင့် စွန့်ပစ်ပစ္စည်းအမှိုက်သရိုက်များသိမ်းဆည်းခြင်း အစရှိသော စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါကျောင်းများတွင် ကစားကွင်း၊ ဆရာ၊ဆရာမနေအိမ်၊ စာသင်ခန်း၊ စာသင် ဆောင်၊ ပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ယနေ့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် အခြေခံပညာကျောင်း(၅)ကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၀၀၀ ကျော်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘားအံပညာရေးဒီဂရီကောလိပ်၏ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီက အဆိုပါဒီဂရီ ကောလိပ် သီရိခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းတာဝန်ယူရ မည့်လူငယ်များအနေဖြင့် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များကို နာလည်လက်ခံသဘောပေါက်ကြပြီး နိုင်ငံတော်အပေါ် သစ္စာရှိရှိနှင့်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း၊ ပညာရေးလောကကို တာဝန် ယူတည်ဆောက်ကြရမည့် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သွေးစည်းညီညွတ်မှုသမိုင်းကြောင်းများကို သေချာစွာလေ့လာမှတ်သားပြီး မျိုးချစ်စိတ်ဓာတ် အပြည့်အဝရှိသော နိုင်ငံ့သားကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် မြန်မာစာဌာနမှ ဒေါ်နီတာသောင်းက ကျပန်းစကားပြောပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားပြီး ဒိုင်ချုပ်နှင့်အမှတ်ပေးဒိုင်များနေရာယူ၍ ပြိုင်ပွဲအားစတင်ကျင်းပ ရာ ပြိုင်ပွဲဝင်များက ပြည်ထောင်စု ဆိုသည်မှာ၊ သွေးချင်းတို့ဆုံရာပြည်မြန်မာ၊ သွေးစည်းချစ်ကြည် ဖွံ့ဖြိုးဝေစည် မြန်မာပြည်၊ နှီးဒေါင်းလန်းကြီးတေးသီဆို၊ ငြိမ်းချမ်းတေးသီ ခေတ်သစ်ဆီ ခေါင်းစဉ်များဖြင့် ကျရာခေါင်းစဉ်ကို မဲနှိုက် ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲအပြီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားမှူးက ဘားအံပညာရေးဒီဂရီကောလိပ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျင်းပခဲ့သောပြိုင်ပွဲများတွင် ဆုရရှိသူများ၏အမည်များအား ဖတ်ကြားကြေငြာသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်တို့က (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
အလားတူ ကရင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲ ရေးကော်မတီတို့၏ (၁/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ များ၏ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လယ်ယာမြေနှင့်မြေလွတ်၊မြေလပ်၊မြေရိုင်းများကို စနစ်တကျစီမံ ခန့်ခွဲနိုင်မှုအားနည်းခဲ့သည့်အတွက် ထိခိုက်နစ်နာဆုံးရှုံးမှုများ၊ မြေယာအမှုအခင်းများ ဖြစ်ပေါ်လျက်ရှိပြီး စနစ်တကျ စီမံခန့်ခွဲနိုင်မှသာ နိုင်ငံ၏အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များတွင်အကျိုးသက်ရောက်မှုရှိနိုင်မည်ဖြစ်ကာ ရေရှည် ဖွံ့ဖြိုးတိုးတတ်သည့်အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးအဆင့်ဆင့် တာဝန်ယူ ရသည့်ပုဂ္ဂိုလ်များအနေဖြင့် အချိတ်အဆက်မိမိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ထိရောက်စွာစီမံခန့်ခွဲ နိုင်မည်ဖြစ် ပြီး လိုအပ်သည့်အကြံပြုချက်များပေးနိုင်ရေး ပါဝင်ပူးပေါင်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီများ၏ အတွင်းရေးမှူး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်က လယ်ယာမြေစီမံခန့်ခွဲရေးကိစ္စရပ်များနှင့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကိစ္စရပ်များ အား ရှင်းလင်းတင်ပြပြီး ပြည်နယ်ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီများ၏ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။