ဘားအံ - ဧပြီ (၁၆)

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လှိုင်းဘွဲနှင့်ဘားအံမြို့နယ်အတွင်းရှိရေကစားမဏ္ဍပ်များ၌ သင်္ကြန်ချစ်သူဒေသခံတိုင်းရင်းသားပြည်သူများ၏ အေးချမ်း ပျော်ရွှင်စွာရေကစားနေမှုများကို ကြည့်ရှုအားပေးပြီး အတာရေသဘင်ပွဲကိုအတူတကွ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ သီရိကွင်းရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်း အကအဖွဲ့များ၊ တပင်တိုင်အကများ၊ အနုပညာရှင်များ၏ တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေမှုများအား ကြည့်ရှု အားပေးကြပြီး  အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖြန်း၍  ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့က ယိမ်းအကအဖွဲ့များနှင်တွဲဖက်၍ တေးသီးချင်းများဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန် ဗဟိုမဏ္ဍပ်သို့ ရောက်ရှိလာရာ  လှိုင်းဘွဲမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လှိုင်းဘွဲမြို့အခြေချစစ်ဗျူဟာမှူး နှင့်အရာရှိစစ်သည်မိသားစုများက အောင်သပြေခက်နှင့်အတာရေအေးပက်ဖျန်း၍ ကြိုဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖျန်းပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖူးပွင့်ဆင်ယင်လှာကမြင်မဟာသင်္ကြန်ရေကစားမဏ္ဍပ်၊ ဖားမဲ တောင်သင်္ကြန်မဏ္ဍပ်များသို့လှည့်လည်၍ ရေပက်ခံထွက်ရေကစားခဲ့ကြပြီး အဆိုပါမဏ္ဍပ်များ၌ သင်္ကြန်ယိမ်း အဖွဲ့များ၊ တပင်တိုင်အကအလှများ၊ တေးသံရှင်များ၏ သီဆိုကပြဧည့်ခံဖျော်ဖြေမှုများအားကြည့်ရှုအားပေး ၍  ယိမ်းအကအဖွဲ့များနှင့်တွဲဖက်ပြီးသင်္ကြန်တေးသီးချင်းများဖြင့်ဂုဏ်ပြုသီဆိုဖျော်ဖြေကာ အောင်သပြေ ခက်ဖြင့်အတာရေအေးပက်ဖြန်းကြပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြ သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ ကမ်းနားလမ်း(ဘားအံ-ထုံးအိုင်လမ်း) ခေမာလမ်းထိပ်မှ အင်ကုန်းလမ်း ထိပ်ထိ ပေ ၁၀၀၀ ကျော်အား မုခ်ဦးအလှ၊ ထီးအလှ၊ ပိတောက်ပန်းအလှ၊ ရေပန်း အလှများဖြင့် တန်ဆာဆင်ကာ ခေတ်နှင့်အညီကျင်းပလျက်ရှိသော ဘားအံမြို့လမ်းလျှောက်သင်္ကြန်သို့သွားရောက်၍ စတုဒိသာကျွေးမွေးဧည့်ခံမှုများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေမှုများ၊ ဘားအံမြို့နှင့်ပတ်ဝန်းကျင် ဒေသများမှ တိုင်းရင်းသားပြည်သူများ၏ ပျော်ရွှင်စွာလမ်းလျှောက်သင်္ကြန်ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေး၍ ဒုတိယအကြိမ် ထည့်သွင်းကျင်းပသည့် ဘားအံမြို့လမ်းလျှောက်သင်္ကြန်အား ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ အတာရေ သဘင်ပွဲကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကာ အဆိုပါလမ်းလျှောက်သင်္ကြန်ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီဆောင် ရွက်ပေးသူများအား ဆန်နှင့်ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ ကမ်းနားလမ်းရှိ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဌာနမဏ္ဍပ်တွင် DJ တေးဂီတနှင့်တွဲဖက်၍ အများပြည်သူအေးချမ်းပျော်ရွှင်စွာ အတာရေသဘင်ပွဲ ဆင်နွှဲနေမှု များကိုကြည့်ရှုအားပေးခဲ့ကြပြီး အတာရေအေးပက်ဖျန်ပေးကြကာ ဂုဏ်ပြုဆုငွေများအသီးသီး ပေးအပ်ခဲ့ကြ သည်။

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အတတ်နေ့ဖြစ်သည့်နှင့် အညီ ယာဉ်အမျိုးအမျိုးဖြင့်ရေပက်ခံရေကစားထွက်ကြသူများ၊ စတုဒိသာဧည့်ခံကျွေးမွေးကြသူများ၊ ယိမ်း အကအလှများဖြင့် သီဆိုကပြဧည့်ခံဖျော်ဖြေကြသူများ၊ DJ စင်တင်တေးဂီတများဖြင့် သီဆိုကပြဖျော်ဖြေကြ သူများဖြင့် အထူးစည်ကားများပြားခဲ့ပြီး ဘားအံမြို့ ကမ်းနားလမ်းတစ်လျှောက်ရှိ ဝန်ကြီးဌာနမဏ္ဍပ်များ၊ ရပ်ကွက်/ကျေးရွာ ရေကစားမဏ္ဍပ်များ၊ ခရီးစဉ်ဒေသများဖြစ်သော ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ထွန့်ပတိုင်၊ ဒုံရင်း သဘာဝစမ်းရေတံခွန်၊ ကော့ဂွန်း၊ ရသေ့ပျံ၊ ဘုရင့်ညီဂူများတွင်လည်း အနားယူအပန်းဖြေ ရေကစားကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း မြင်တွေ့ရသည်။

            အလားတူ  ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မဟာသင်္ကြန်အကျနေ့ ဧပြီလ ၁၅ ရက်နေ့ ညပိုင်းက ဘားအံမြို့၊ သီရိကွင်း၊ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်သော မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များအနေဖြင့် ကိုယ်ပိုင်းသံစဉ်ယိမ်းအကအဖွဲ့ (၇)ဖွဲ့၊ Copy သံစဉ်ယိမ်းအကအဖွဲ့(၇)ဖွဲ့၊ တပင်တိုင်အက (၅)ဖွဲ့တို့၏ ညီညာမြူးကြွသွက်လက်မြိုင်ဆိုင်စွာ သီဆိုကပြဖျော်ဖြေ ယှဉ်ပြိုင်မှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး  ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ ပါသည်။