ဘားအံ - ဩဂုတ် (၁၁)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး Ms.Gwyn Lewis နှင့်အဖွဲ့အား ဘားအံမြို့၊ ပြည်ထောင်စုရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် Ms.Gwyn Lewis တို့သည် ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခ များကြောင့် နေရပ်စွန့်ခွာပြည်သူများ နေရပ်ပြန်နိုင်ရေးနှင့် နေထိုင်စားသောက်ရေးဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။















