ဘားအံ - ဇန်နဝါရီ (၂၅)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ် ထုံးအိုင်တိုက်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ခု၊ ပြည်နယ် အစိုးရအထွေထွေပိုလျှံရန်ပုံငွေကျပ် ၂၄၆ သန်းဖြင့် ဘားအံမြို့နယ်၊ဖားအွံကျေးရွာအုပ်စု၊မိန်းမလှကျွန်းကျေးရွာအဝင်လမ်း တာဘောင်မြင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်မှုကိုကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့် လမ်းနယ်နမိတ်၊အကျယ်ရရှိ အောင် ကျေးရွာသူ၊ကျေးရွာသားများနှင့်ညှိနှိုင်းဆောင်ရွက်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီအချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၆၅ သန်းဖြင့် ဖအွံ-တောင်သူကုန်းလမ်းဘေး မြောင်းကူးတံတားတည်ဆောက်ခြင်း လုပ်ငန်း ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကိုကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက အဆိုပါမြောင်းကူးတံတားပေါ်မှဖြတ်သန်း၍ သွင်းအားစုများနှင့် လယ်ယာသုံးစက်ကိရိယာများ လွယ်ကူစွာဝင်ထွက်သွား လာနိုင်မည့် အခြေအနေများကိုရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံဆွေးနွေး၍ တောင်သူတောင်းဆို သည့် ကျွဲကူးလမ်းပေါ်တွင်မြောင်းကူးတံတား(၂)နှစ်စင်းနှင့် ကုန်ထုတ်လမ်းတစ်လမ်းဆောင်ရွက် ပေးရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ခြံကလေး-တောင်သူကုန်း-ဖအွံလမ်းပေါ်ရှိ ပြည်နယ်လမ်းဦးစီးဌာန၏ ၃၀ ပေအရှည် သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် တံတားဦးစီး ဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးအဖွဲ့ (၁၄)မှ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေနှင့်(ဖြည့်စွက်)ရန်ပုံငွေ တို့ဖြင့်ဆောင်ရွက်လျက်ရှိသည့် ကော့ကျိုက်-ကော့ပရံ-ဇာသပြင် အဖြောင့်လမ်းပေါ်ရှိ တံတားအမှတ်(၃/၁၃)အား ၂၁၀ ပေ အရှည် သံကူကွန်ကရစ်တံတားသစ်တည်ဆောက်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနညွှန်ကြားရေး မှူးနှင့်တံတားအထူးအဖွဲ့(၁၄)မှ ဒုတိယညွှန်ကြားရေးမှူးတို့က ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများ၊ဆောင်ရွက်ဆဲလုပ်ငန်း များနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘဏ္ဍာနှစ်အလိုက် ပြီးစီးရမည့်လုပ်ငန်းများ၊ မိုးမကျမီပြီးစီးရမည့်လုပ်ငန်းများအချိန်မီပြီးစီးစေရေးနှင့် မျှော်မှန်းကာလအတွင်း အချိန်မီပြီးစီး အောင် အရည်အသွေးပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။