ဘားအံ - ဖေဖော်ဝါရီ (၄)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်ဘောလုံးအသင်းနှင့် လှိုင်းဘွဲမြို့နယ်ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစား ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဘောလုံးအားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ ပွဲစဉ်တွင် ဘားအံမြို့နယ်ဘောလုံးအသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက နေရာအလိုက်အကောင်းဆုံးအားကစားသမားဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားဆုရရှိသည့် အားကစား သမားများကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်နှင့် ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်တို့က ပူးတွဲတတိယဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်ဘောလုံးအသင်းနှင့်ဖာပွန်မြို့နယ် ဘောလုံးအသင်းတို့အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက ဒုတိယဆုရ လှိုင်းဘွဲမြို့နယ်ဘောလုံးအသင်း အားလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က အနိုင်ရဗိုလ်စွဲသွားသော ဘားအံမြိုနယ်ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုတစ်ဆယ့်ငါးသိန်း နှင့် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အလားတူ ဘားအံမြို့၊ အမိတာရာမရဲကျောင်းတိုက် ဗောဓိမဏ္ဍိုင်မြကန်သာစေတီတော်မြတ်ကြီး၏ (၂၉) ကြိမ် မြောက်ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီ က အဆိုပါ စေတီတော်ပရိဝုဏ်အတွင်း၌ဆင်ယင်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်၍ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့်၎င်းတို့၏ဇနီးများသည် အမိတာရာမရဲကျောင်းတိုက်ဆရာတော် ဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဂုဏာလင်္ကာရအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ ဗောဓိမဏ္ဍိုင်မြကန်သာစေတီတော် မြတ်ကြီး၏ (၂၉) ကြိမ် မြောက်ဗုဒ္ဓပူဇနိယ ပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အဆိုပါစေတီတော်ပရိဝုဏ်၌ ဆင်ယင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာတော်ကြီး၏တပည့်ဒါယကာ၊ ဒါယိကမများ၊ ဗုဒ္ဓဘာသာ နွယ်ဝင် စေတနာရှင်အများပြည်သူများက အနယ်နယ်အရပ်ရပ်မှ မူလဒွါရဂိုဏ်းဝင် ဆရာတော်၊ သံဃာတော် ၁၀၈ ပါး၊ သီလရှင် ၁၁ ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆား အစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လောင်းလှူ ပူဇော်ခဲ့ကြပါသည်။