ဘားအံ - ဖေဖေါ်ဝါရီ (၂၆)

ထူးချွန်ထက်မြတ်သည့် ရွက်ပုန်းသီးဘောလုံးအားကစားသမားကောင်းများပေါ်ထွန်းလာစေရေး ရည်ရွယ် ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။

            ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံတက္ကသိုလ်(က)အသင်းနှင့် ဘားအံတက္ကသိုလ်(ခ)အသင်းတို့ယှဉ်ပြိုင်ကစား ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီးဦးဝင်းရှိန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ဒေသနေပြည်သူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် အကြိတ် အနယ်ယှဉ်ပြိုင်ကစားကြပြီး ပွဲကစားချိန်အတွင်း ဂိုးသွင်းယူနိုင်ခြင်းမရှိကြဘဲ ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဘားအံတက္ကသိုလ်(က)အသင်းက ၆ ဂိုး ၅ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

            ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဗိုလ်လုပွဲနေ့အကောင်းဆုံးအားကစားသမားဆု၊ ပြိုင်ပွဲတွင်ကူညီဆောင်ရွက်ပေးကြသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ နှင့်ဒိုင်အဖွဲ့တို့အားဂုဏ်ပြုဆု၊ နေရာအလိုက်အကောင်းဆုံးအားကစားသမားဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုရရှိကြသူများအား ငွေသားဆုနှင့်ဆုကလပ်များပေးအပ်ချီးမြှင့်ပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ပူးတွဲတတိယဆုရရှိသော ဘားအံပညာရေးဒီဂရီ ကောလိပ်ဘောလုံးအသင်းနှင့်နည်ပညာတက္ကသိုလ်ဘောလုံးအသင်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ ဝန်ကြီးဦးဝင်းရှိန်က ဒုတိယဆုရ ဘားအံတက္ကသိုလ်(ခ)ဘောလုံးအသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများပေးအပ်ချီးမြှင့်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အနိုင်ရဗိုလ်စွဲသွားသော ဘားအံတက္ကသိုလ်(က)ဘောလုံး အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု (၁၅)သိန်းကျပ်နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။