ဘားအံ - ဇန်နဝါရီ (၂၂)
ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာ ကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင် ရေးအတွက် အသိပေးဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အနေဖြင့် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အသက်(၁) နှစ်မှ(၅)နှစ်အတွင်း ကလေးစုစုပေါင်း ၁၁၀၃ ဦးကို အမီလိုက်ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေး ရန်လိုအပ်သည့် ခက်ခဲ့သည့်ဒေသများတွင်နေထိုင်သောကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များအတွက် ကာကွယ်ဆေး များထိုးနှံတိုက်ကျွေးရန်အတွက် ထပ်မံအားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းနေထိုင်သည့်ကလေး ငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအားလုံးထံသို့ လိုအပ်သည့်ကာကွယ်ဆေးများကို အသက်အရွယ်အလိုက်ထိုးနှံတိုက် ကျွေးနိုင်ရေး ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိသော နှီးနွယ်ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း အား သွန်ခွန်စိုက်ထပ်မံပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ရောဂါနှိမ် နှင်းရေး)ဒေါက်တာနေဝန်းလင်းက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အခမ်းအနားသို့တက်ရောက် လာသူများက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းနှင့်ပတ်သက်သည့် Video Clip ကို အတူတကွကြည့်ရှုအားပေး ခဲ့ကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများ အား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။















