ဘားအံ - နိုဝင်ဘာ (၁၈)
ကရင်ပြည်နယ်အတွင်း ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များ နှစ်စဉ်တိုးတက်ဝင်ရောက်လျက်ရှိသည့်အတွက် ဘားအံမြို့နယ်အတွင်း အဆင့်မီအခန်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဟိုတယ်ကြိုတင်တည်ဆောက်ခွင့်ပြုမိန့်ထုတ် ပေးထားသော ဟိုတယ်(၁၇)လုံး၊ အိပ်ခန်းပေါင်း(၇၁၂)ခန်းရှိသည့်အပြင် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ အဝင် ဆင်လေးကောင်အဝိုင်းအနီး၌ ရင်းနှီးမြှုပ်နှံမှုငွေကျပ် ၁၀ ဘီလီယံဖြင့် အိပ်ခန်းပေါင်း ၇၀ ပါဝင်သော Zwekabin Vista Hotel Hpa-an ကိုတည်ဆောက်ရန် မင်္ဂလာပန္နက်တော်တင်အခမ်းအနားကို ကျင်းပသည်။
ပန္နက်တော်တင်အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ခရီးသွားဧည့်သည်များ တစ်ကြိမ်မက လာရောက်လည်ပတ်ချင်စဖွယ်ဖြစ်အောင် မြို့တော်ဘားအံကို သန့်ရှင်းသာယာလှပသောခရီးသွားမြို့တော် Tourism City၊ Clean City၊ Green City အဖြစ်ရည်မှန်းချက်ထားအကောင်အထည်ဖော်ဆောင်ခဲ့သောကြောင့် ၂၀၂၅ ခုနှစ်အတွက် (၆)ကြိမ် မြောက်အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသောမြို့ကြီးများဆု၊ ၂၀၂၆ ခုနှစ်၏ ပဥ္စမအကြိမ်မြောက် အာဆီ ယံသန့်ရှင်းသောခရီးသွားမြို့တော်ဆုတို့ကို ရရှိခဲ့ပြီး မြန်မာသာမက အာဆီယံနှင့်ကမ္ဘာ့နိုင်ငံအသီးသီးမှ ပိုမိုစိတ်ဝင်စားသိရှိ လာစေကာ ပြည်နယ်၏ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရီးသွားကဏ္ဍနှင့်ဆက်စပ်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များအားလုံး ပူးပေါင်းစွမ်းဆောင်ကြိုးပမ်းသွားကြစေလိုကြောင်း ပြောကြားသည်။
Zwekabin Vista Hotel Hpa-an ကို Bangalow Type နှင့် Attched Bangalow Type အမျိုးအစားတည်ဆောက် သွားမည်ဖြစ်ပြီး ရေကူးကန်၊ Gym ခန်း၊ Spa ခန်း၊ Coffee Shop နှင့် Unplugged Bar တို့ပါဝင်ကာ ပြည်နယ်၏ဖွံ့ဖြိုးတိုး တက်လာသော ခရီးသွားလုပ်ငန်းကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေခြင်း၊ ခရီးသွားများ၏ အဆင့်မီအခန်းလို အပ်ချက်များဖြည့်ဆည်းပေးနိုင်ခြင်း၊ ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း၊ သဘာဝကိုထိန်းသိမ်း၍ အခြေခံအဆောက်အဦများဖွံ့ဖြိုးလာစေခြင်းတို့ကိုရည်ရွယ်၍ ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံတည်ဆောက်ခြင်းဖြစ်ကြောင်းဖြစ် ကြောင်း လုပ်ငန်းရှင်၏ ဟိုတယ်တည်ဆောက်ရခြင်းအကြောင်းရှင်းလင်းတင်ပြရာမှ သိရသည်။
Zwekabin Vista Hotel Hpa-an ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက သတ်မှတ်နေရာအသီးသီးတွင်နေရာယူကြပြီး မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်များကိုစိုက်ထူ၍ အမွှေး နံ့သာရည်များပက်ဖျန်းပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေး အပ်ချီးမြှင့်ခဲ့သည်။
ကရင်ပြည်နယ်၏ဟိုတယ်နှင့်ခရီးသွားကဏ္ဍအနေဖြင့် ၂၀၁၆ ခုနှစ်တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ(၂၀)လုံးသာရှိခဲ့ ရာမှ ၂၀၂၆ ခုနှစ် နိုဝင်ဘာလထိ ဟိုတယ်နှင့်တည်းခိုရိပ်သာ(၆၈)လုံး အခန်းပေါင်း(၂၄၆၀)ခန်းထိ တိုးတက်ဖွင့်လှစ်နိုင်ခဲ့ပြီး ထပ်မံတည်ဆောက်ဖွင့်လှစ်မည့် ဟိုတယ်များလည်းကျန်ရှိနေသေးကြောင်း ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီထံမှ သိရသည်။
ဆက်လက်၍ ဒေသတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးမွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူ့အကျိုးပြု လုပ်ငန်းများကို မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘားအံမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတွေ့ဆုံပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်း များထိခိုက်ပျက်စီးမှုမရှိစေရေး၊ သောက်သုံးရေနှင့်စိုက်ပျိုးရေပြတ်လပ်မှုမရှိစေရေး၊ ချောင်းပိတ်မြောင်း ပိတ်လုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားနိုင်ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ခွင့်ပြုချက်မရှိဘဲ လယ်ယာ မြေများကို အခြားနည်းအသုံးပြုခြင်းအား ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းသို့ရောက်ရှိပြီး ပညာရေးဆုံးခန်းတိုင်အောင်သင်ကြားနိုင်ရေး သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာများအလိုက် စနစ်တ ကျ ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကျေးရွာ၊ရပ်ကွက်များအတွင်း လောင်းကစားမှုများကင်းရှင်းစေ ရေး၊ တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ မိမိတို့ရပ်ရွာမှ ဖြတ်သန်းသွားလာမှုမရှိစေရေး၊ ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရေး၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးနှင့် အဆင့်မြင့်ပညာအဆင့်သို့တက်ရောက်ပညာသင်ကြားနိုင် ရေး၊ ရာသီအလိုက်သီးနှံစိုက်ဧကများလျာထားချက်ပြည့်မီကျော်လွန်ရေးနှင့် အထွက်နှုန်းတိုးတက်မြင့်မားရေး၊ ရေ၊ မြေ၊ လေထု ညစ်ညမ်းမှုမရှိစေရေး၊ ကျေးရွာချင်းဆက်လမ်းများရေရှည်တည်တံ့ရေးနှင့်မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွား လာမှုမရှိစေရေး ဆွေးနွေးပြောကြားကြသည်။
ယင်းနောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ် များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။















