ဘားအံ - အောက်တိုဘာ (၁၉)
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(မြိုင်ကြီးငူ)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲကို အောက်တိုဘာ လ ၁၉ ရက်နေ့ နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်းနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်းက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း ကို လက်မနည်း၊ စင်တီမီတာနည်းဖြင့် သင်ကြားခြင်း၊ ဇာထိုး၊ ပန်းထိုး၊ လက်မှုဘာသာရပ်များ၊ မုန့်လုပ်နည်း၊ ဟင်းလျာချက် ပြုတ်နည်းများ သင်ကြားခြင်းအပြင် မော်တာစက်ချုပ်သင်ခန်းစာများကိုပါ သင်ထောက်ပစ္စည်းအပြည့်အဝဖြင့် လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်သည့်အတွက် သင်တန်းသူများအနေဖြင့် လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချ နိုင်ရန် အထူးလေ့လာကြိုးစားသင်ယူကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး သင်တန်းအတွက် ပဲဝါခြမ်း၊ အာလူး၊ ငရုတ်၊ ကြက်သွန်၊ စားသုံးဆီ အစရှိ သော အခြေခံစားကုန်များကို ကျောင်းအုပ်ဆရာမကြီးထံချီးမြှင့်ပေးအပ်ရာ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားနှင့် သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းကို မြိုင်ကြီးငူဒေသနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသူ ၂၅ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၂၂ ပတ်အတွင်း အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်ဘာသာရပ်များကို စာတွေ့လက်တွေ့ သင် ကြားပို့ချပေးသွားမည်ဖြစ်ကာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ သင်ထောက်ကူပစ္စည်းများ၊ ယခင်အပတ်သင်တန်းဆင်းလက်ရာများနှင့် သင်တန်းကာလအတွင်း သင်တန်းသူ များနေထိုင်မှု စားသောက်မှုအဆင်ပြေစေရေး သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။















