ဘားအံ - အောက်တိုဘာ (၁၀)
ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့အနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားအဆင့်မဟာဗျူဟာနှင့်နည်းဗျူဟာများအတိုင်း လိုက်နာကျင့်သုံး အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလထိ တရားမဝင်ကုန်သွယ်မှု အမှုတွဲပေါင်း ၁၃၉ မှု ခန့်မှန်း တန်ဖိုးကျပ်(၂၅ ဒဿမ ၉၂၇) ဘီလီယံခန့်အားကို ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် အထူးအဖွဲ့(၅/၂၀၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ဦးစွာ ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်းက တရားမဝင်ကုန်သွယ်မှုလုပ်ဆောင်နေသူများသည် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် နည်း လမ်းမျိုးစုံအသုံးပြုဆောင်ရွက်နေကြပြီး အကောက်ခွန်နှင့်ရသင့်ရထိုက်သည့်အခွန်အခများ ဆုံးရှုံးမှုများစွာဖြစ်ပေါ်စေရာ တရားမဝင်ကုန်သွယ်မှုများအား တားဆီးဖမ်းဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ တရားမဝင်သယ်ဆောင်လာသည့် ကုန်စည်များကို စနစ်တကျတားဆီးထိန်းချုပ်၍ တရားမဝင်ကုန်သွယ် မှုများကိုလျှော့ချပြီး တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဒုတိယဥက္ကဋ္ဌ စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဦးညီညီဇော်က စစ်ဆေးရေးစခန်းများ၊ ဂိတ်များနှင့် ကုန်သွယ်ရေးဇုန်တို့တွင် တာဝန်ထမ်းဆောင်နေကြ သောဝန်ထမ်းများအနေဖြင့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး၊ တရားမဝင်ကုန်သွယ်မှုများ ထိ ရောက်စွာ တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဦးဆောင်ကော်မတီကချမှတ်ထားသည့် စံပြုလုပ်ငန်းစဉ်(SOPs)များ၊ သက်ဆိုင် ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပူးပေါင်းစစ်ဆေးဆောင်ရွက် သွားကြရန်တိုက်တွန်းပြောကြားပြီး အထူးအဖွဲ့အတွင်းရေးမှူးအကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးက တရားမဝင်ကုန်သွယ် မှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများ အလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများက တရားမဝင်ကုန်ပစ္စည်းများဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများက တရားမဝင် ကုန်သွယ်မှုလျော့နည်းပပျောက်ရေးနှင့်တရာဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ရောက်ရှိလာစေရေး ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြကာ ထိုသို့ဆွေးနွေးတင်ပြမှုများအပေါ် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။















