ဘားအံ - ဧပြီ (၃)

              နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄၅၁ ဒသမ ၆၄၀ သန်းဖြင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ရင်းဘိုင်း-ကူးဆိပ်-ငှက်ပျောတော-ထီးစထ-ရှမ်းရွာသစ်လမ်းပိုင်း အရှည် ၉ မိုင် ၂ ဖာလုံအနက်မှ လမ်းအရှည် ၃ မိုင်ကို ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းမှာ သတ်မှတ်စံချန်စံညွှန်းများနှင့်အညီ  ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ် သည်။

              အဆိုပါလမ်းပိုင်းအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကတ္တရာထပ်ပိုးလွှာလမ်း ၃ မိုင် ဆောင်ရွက်ပေးခြင်းကြောင့် ဒေသအတွင်းလမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့်အပြင် မြို့ပြနှင့် ကျေးလက်ဒေသ ချိတ်ဆက်သောလမ်းဖြစ်သောကြောင့် အဆိုပါလမ်းကြောင်းပေါ်ရှိ ကျေးရွာ ၁၁ ရွာနှင့် ဒေသခံ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေကို အထောက်အကူပြုနိုင်မည်ဖြစ်ကာ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုတိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း သိရှိရပါသည်။