ဘားအံ - နိုဝင်ဘာ (၂၁)

            ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်(ငွေလုံးငွေရင်း)ဖြင့် ငွေစင်ဆန်းသစ်ကုမ္ပဏီနှင့် Grace Khin ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက် သော ကောပရံ-ကော့မလောက်လမ်း ကွန်ကရစ်ခင်းခြင်း ၁ ဒဿမ ၆၀၉ ကီလိုမီတာနှင့် ဖားစည်တံခွန်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သော ရွှေတော-ကော့အီမိုက်-ကော့လုံးစိန်လမ်း ကွန်ကရစ်ခင်းခြင်း ၀ဒဿမ၈၀၅ ကီလိုမီတာ   လုပ်ငန်း ဆောင်ရွက်နေမှုများကို နိုဝင်ဘာလ ၂၀ ရက်နေ့က ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်လွင် နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီးလုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။