ဘားအံ - နိုဝင်ဘာ (၂၁)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ (၂၃)ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်လျာ တ်သင်္ကန်း ဆက်ကပ်လူဒါန်းပွဲမင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပဒေသာပင် ၇၀ ပင် စုစုပေါင်းတန်ဖိုး တစ်ထောင်သုံးဆယ်ငါးသိန်းလေးသောင်းရှစ်ရာကိုးဆယ်ကျပ်ကို ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

            ဦးစွာ နိုဝင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ မြို့ပေါ်ရပ်ကွက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများက ပဒေသာပင် ၇၀ ပင်ကို မော်တော်ယာဉ်များပေါ်တင်ဆောင်၍ အတီးအမှုတ်၊အကအခုန်များဖြင့် ဘားအံမြို့ပေါ်လှည့်လှည်၍ ကထိန်လျာ တ် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပမည့် ဇွဲကပင်ခန်းမသို့  လှည့်လည်ပို့ဆောင်ခဲ့ကြသည်။

            ထို့နောက် နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်လျာ တ်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ဘားအံမြို့၊ဇွဲကပင်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြသည်။

            ဦးစွာ ဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိဇ္ဇာနန္ဒ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်ကြီးများ ရွတ်ဖတ်သရစ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် ကထိန်မည်ပုံ၊ ကထိန်ခင်းခြင်းနှင့်စပ်လျဉ်း သည့် အမေး(ကထိနပုစ္ဆာ)ကို ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တနာဂဝံသ အရှင်သူမြတ်က မေးမြန်း၍ ကထိန်ခင်းခြင်းအဖြေ(ကထိနဝိသဇ္ဇနာ)ကို ဆေးဝင်္ကဘာကျောင်းဆရာတော်ဘဒ္ဒန္တခန္တီသာရ အရှင်သူမြတ်မှပြန်လည်ဖြေကြားခြင်းတို့ကိုနာယူကြည်ညိုကြပြီးပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သာသနာရေးဆိုင်ရာ များကို လျှောက်ထားတင်ပြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယကတို့က ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ပုရိမဝါဆိုဝါကပ်၍ မုရိမဝါမှထတော်မူကြသည့် သံဃာ တော်အရှင်သူမြတ်တို့ကိုယ်စား ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းကျောင်းအုပ်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိဇ္ဇာနန္ဒထံ ကထိန်လျာ တ်သင်္ကန်းနှင့်အခြံအရံလှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြကာ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာ တော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

            ထို့နောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ လူပုဂ္ဂိုလ်၊ဧည့်ပရိတ်သတ်များကိုလည်း နေ့လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ကြပါသည်။