ဘားအံ - ဧပြီ (၄)
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဧပြီလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင် အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါဘောလုံးပြိုင်ပွဲကို မတ်လ ၂၆ ရက်နေ့က စတင်ကျင်းပခဲ့ပြီး ဘောလုံးအသင်း(၇)သင်းမှ အားကစား သမား ၁၂၆ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများက ပြိုင်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆု၊ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများ၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆု၊ ပူးတွဲတတိယဆုရရှိ သော ကြားအင်းဆိပ်ကြီးမြို့နယ်နှင့်မြဝတီမြို့နယ်ဘောလုံးအသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုကလပ်များ၊ ဒုတိယဆုရရှိသော လှိုင်းဘွဲမြို့နယ်ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုကလပ်များကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော ကော့ကရိတ် မြို့နယ် ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၅)သိန်းကျပ်နှင့် တံခွန်စိုက်ဆုဖလား တို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။