ဘားအံ - ဇွန် (၁၁)

            ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် ပြည်နယ်အတွင်းရှိ ဘားအံငါးလုပ်ငန်းစခန်းနှင့် ကျုံဒိုးငါးလုပ်ငန်းစခန်းတို့မှ နှစ်လက်မအရွယ်ငါးသားပေါက်ကောင်ရေ ၇၂၀၀၀၀(ခုနှစ်သိန်းနှစ်သောင်း)ကျော် ထုတ် လုပ်၍ သဘာဝမြစ်၊ချောင်း၊အင်း၊အိုင်၊ကန်ရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ပေးသွားရန်လျာထားဆောင်ရွက်လျက် ရှိရာ  ဇွန်လ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲက ဘားအံမြို့နယ်၊ တရုတ်လှလျှပ်စစ်မြစ်ရေတင်၌ သံလွင်မြစ်အတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့သည်။

            ငါးမျိုးစိုက်ထည့်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တရုတ်လှကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသည့် ၂ လက်မအောက်ခံအရွယ် ငါးခုံးမကြီး ငါးသား ပေါက်ကောင်ရေ ၈၀၀၀၀(ရှစ်သောင်း)နှင့် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ ၅၀၀၀၀(ငါးသောင်း) စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၃၀၀၀၀ (တစ်သိန်းသုံးသောင်း)ကို သံလွင်မြစ်အတွင်းငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

            ယခုစိုက်ထည့်ပေးခဲ့သောငါးမျိုးများသည် သံလွင်မြစ်နှင့်ဆက်စပ်ရေပြင်များအတွင်း ရှင်သန်ကြီးထွားပေါက် ပွားပြီး ပတ်ဝန်းကျင်ဒေသများတွင်နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ အလွယ်တကူဖမ်းယူစားသုံး နိုင်မည်ဖြစ်ကာ ဒေသ၏ငါးထုတ်လုပ်မှုတိုးတက်စေရေးအတွက် ရေနေသယံဇာတများကိုထိန်းသိမ်း၍ ငါးရိက္ခာဖူလုံပြီး စဉ်ဆက်မပြတ်စားသုံးနိုင်စေရန် နှစ်စဉ်ငါးမျိုးများစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးစုံမိုင်းထံမှ သိရသည်။

            ဆက်လက်၍ လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၁/၂၀၂၄) သင်တန်းသား၊သင် တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့ နံနက် ၉ နာရီက ဘားအံပညာရေးဒီဂရီကောလိပ်၊ သီရိ ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘာသာရပ်တစ်ခု၏အကြောင်းအရာများကို သင်ယူရာတွင် လက်တွေ့ဘဝနှင့်ပေါင်းစပ်/ဆက်စပ်သင်ယူနိုင်သော၊ စဉ်းစားတွေးခေါ်သင်ကြားပို့ချပေးနိုင်သော၊ စာရိတ္ထမဏ္ဍိုင်ခိုင် မာသော ဆရာ၊ဆရာမကောင်းများဖြစ်အောင်ကြိုးစားကြစေလိုပြီး မိမိတပည့်များကိုလည်း ဂါရဝတရားကိုင်းရှိုင်းသော ၊ ခန္ဓာကိုယ်နှင့်စိတ်ဓာတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်သော နိုင်ငံ့သားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊သင်တန်းသူ ၁၃၄ ဦးအတွက် စုစုပေါင်းငွေကျပ် ၂၆၈၀၀၀၀ (နှစ်ဆယ့်ခြောက်သိန်းရှစ်သောင်း)ကို ကျောင်းအုပ်ကြီးနှင့်သင်တန်းသား၊သင်တန်းသူများထံ ထောက်ပံ့ပေးအပ်ပြီး ဘားအံပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာများအား ရှင်းလင်းတင်ပြကာ သင်တန်း သား၊ သင်တန်းသူများက မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊သင်တန်းသူများအား တစ်ဦးချင်းရင်းနှီးနွေး ထွေးစွာ            တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဒုံရင်းအခြေခံပညာအထက်တန်းကျောင်း နှင့်တွဲဖက်ဖွင့်လှစ်ထားသော စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းသား၊ကျောင်း သူများ အေးချမ်းစွာ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

            ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများအား စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း၏ ပညာသင်ယူမှုအခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပညာရှင် များကိုမွေးထုတ်ပေးနေခြင်းဖြစ်သည့်အတွက် ကျောင်းစည်းကမ်း၊ အဆောင်စည်းကမ်းများကို လိုက်နာပြီး အေးအေးချမ်း ချမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ပညာကိုဆည်းပူးလေ့လာသင်ယူကြရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါကျောင်းရှိ စာသင်ခန်း၊စာသင်ဆောင်၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်၊ သင်ထောက်ကူနှင့်ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

            စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း(ဒုံရင်း)တွင် ကျောင်းသား၊ကျောင်းသူများအား အဆောင် နေခွင့်ပေးထားပြီး နေထိုင်စားသောက်စရိတ်အခမဲ့ဖြင့် ပညာသင်ကြားပေးလျက်ရှိပါသည်။