ဘားအံ - ဧပြီ (၂)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ် ရေးကော်မတီနှင့် ခရိုင်/မြို့နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီ တို့၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

            ဦးစွာ ကရင်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ချမှတ်ထားသည့်မူဝါဒ၊ လုပ်ငန်းစဉ်(၅၂)ရပ်နှင့်အညီ အသစ်ပြန်လည်သတ် မှတ်ထားသည့် ကော်မတီအဆင့်ဆင့်၏လုပ်ငန်းတာဝန်များအတိုင်း ယခင်ကော်မတီလက်ကျန်အမှုတွဲများနှင့် ယခု ကော်မတီလက်ထက်အမှုတွဲများအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ကော်မတီအဆင့်ဆင့်ဆုံးဖြတ်ချက်အရ ပိတ်သိမ်းဆောင်ရွက်သင့်ကြောင်း ဆုံးဖြတ်ထားသည့်အမှုတွဲအခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြပေး ကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ကရင်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မ တီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်က အမှုတွဲများကို ဖြေရှင်းစိစစ် ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီအတွင်းရေးမှူး ဦးမြင့်လွင်က အမှုတွဲလက်ကျန်စာရင်း၊ အမှုတွဲပိတ်သိမ်းနိုင်ရေးနှင့် လက်ကျန်အမှုတွဲများ အမြန်ပြီးပြစ်စေရေး စီမံဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။

            ယင်းနောက် ကရင်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူးဦးဇော်မိုးအောင်က ပိတ်သိမ်းရန်ကျန်ရှိသောတိုင်ကြားစာအမှုတွဲများအပေါ်ဆောင် ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။

            ကရင်ပြည်နယ်အတွင်း ယခင်ကော်မတီကာလ ဗဟိုကော်မတီမှလွှဲပြောင်းပေးပို့လာသောတိုင်ကြားစာအမှုတွဲ ပေါင်း ၂၆၇ တွဲအနက် ၂၃၅ တွဲကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့၍ တိုင်ကြားစာ ၃၂ တွဲသာကျန်ရှိပြီး ယခုကော်မတီလက် ထက်တွင် လက်ကျန်တိုင်ကြားစာ ၃၂ တွဲအနက် ပိတ်သိမ်းနိုင်သည့်အမှုတွဲ ၁၅ တွဲအား ဗဟိုကော်မတီသို့ တင်ပြခဲ့ပြီး ဖြစ်သည့်အတွက် ဖြေရှင်းရန်ကျန်အမှုတွဲ ၁၇ တွဲသာ ပြီးပြတ်အောင်ဆောင်ရွက်ရန်ကျန်ရှိကြောင်း သိရှိရပါသည်။