ဘားအံ - ဧပြီ (၉)
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဇီဝိတဒါနငါးလွှတ်ပွဲကို ဧပြီလ ၉ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမရှေ့ရှိ ကန်သာယာ Danking ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်၍ ဇီဝိတဒါန ငါးလွှတ်ခဲ့ကြသည်။
ငါးလွှတ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက နှင့်အဖွဲ့ဝင်များး၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများက ငါးခုံးမကြီးကောင်ရေ တစ်သောင်းကို ကန်သာယာရေပြင်အတွင်း ဇီဝိတဒါနငါးများလွှတ်ပေးခဲ့ကြသည်။