ဘားအံ - ဧပြီ (၅)
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား သန့်ရှင်းသာယာလှပရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြို့အင်္ဂါရပ်များနှင့်အညီ Green City, Clean City ဖြစ်စေရေးအတွက် အပတ်စဉ်စနေနေ့များတွင် ဌာနဆိုင်ရာဝန်ထမ်း များနှင့်ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နှင့်ပတ်ဝန်းကျင်ဒေသရှိ အထင်ကရကျောင်းကန်ဘုရားစေတီပုထိုးများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများသည် ဘားအံမြို့၏ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်ပရိဝုဏ်အတွင်း ဘုရားရောင် တော်ဖွင့်နှင့်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဇွဲလင်းသာယာသံသရာငြိမ်းအေးကိုကလယ် ဆရာတော်အားဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းပြီး စေတီတော် ကြီးရောင်တော်ဖွင့်နှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဘားအံမြို့နယ်၊ တရုတ်လှ စံပြကျေးရွာ၊ ထေရဝါဒဗုဒ္ဓသာသနာရန်ကြီးအောင်ဘုရားဘေးမဲ့ကျောင်းပရိဝုဏ်အတွင်း စေတီတော်ရောင်တော်ဖွင့်နှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဘားအံမြို့နယ်၊ တော်ပုံကျေးရွာ၊ ဇွဲကပင်တောင် ခြေရှိ လုမ္ဗိနီဥယျာဉ်ဆရာတော်အားဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းပြီး လုမ္ဗိနီဥယျာဉ်ပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်းအား ၁၁၂၅ ဦးခန့် ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပြီး စေတီတော်များနှင့်ဗုဒ္ဓရုပ်ပွားတော်များအား ရောင်တော်ဖွင့်ခြင်း၊ ပလက်စတစ်နှင့်စွန့်ပစ်အမှိုက်များ ဖယ်ရှားရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်ကြီးများ၏အကိုင်းအခက်များအား ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်စေရေးရှင်းလင်းခြင်းတို့ကို အမှိုက်သိမ်းယာဉ်များ၊ မြက်ဖြတ် စက်များစသည်ဖြင့် သန့်ရှင်းရေးလုပ်ငန်းသုံးယာဉ်ယန္တရားများအသုံးပြု၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက် နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကလှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းကန်ဘုရားများတွင် ဥပုဒ်သီလခံယူဆောက်တည်ကြသူများ စိတ်အေးချမ်းသာစွာ တရားဘာဝါနာပွားများနိုင် စေရေး အစဉ်သန့်ရှင်းသပ်ရပ်သော နေရာတစ်ခုအဖြစ် ဖန်တီးဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။