ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Apr 02 Posted Under:

ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကျင်းပ

ဘားအံ - ဧပြီ (၂) ကရင်ပြည်နယ်အတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်များအချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုတိုးပွားလာစေ ရန်နှင့် အပြန်အလှန်နားလည်မှုတိုးပွားကာ မိမိပြည်နယ်အကျိုးအတွက် အချင်းချင်းပူးပေါင်းဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးပြီး ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားတွင် ကျင်းပလျှက်ရှိရာ ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို ကျင်းပသည်။

Status Published: Apr 02 Posted Under:

တောင်သူ(၂၉)ဦးအား ပထမအကြိမ်သီးနှံလျှော်ကြေး သိန်းငါးရာကျော်ပေးအပ်

ဘားအံ - ဧပြီ (၂) ၆၆ ကေဗီ ဘုရားကုန်း-မိသရောင် ဓာတ်အားလိုင်း(၇ ဒဿမ ၆ )မိုင်တည်ဆောက်ရာတွင် လိုင်းနှင့် မလွတ် ကင်းသည့် သီးနှံပင်များအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပထမအကြိမ် သီးနှံလျှော်ကြေးငွေကျပ် သိန်းငါးရာ ကျော်ကို တောင်သူ ၂၉ ဦးထံ ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပေးအပ်ခဲ့သည်။

Status Published: Apr 02 Posted Under:

ကရင်စာပေသင်တိုင်းရင်းသားဘာသာပြဆရာ/ဆရာမများ စာပေမွမ်းမံသင်တန်းဖွင့်

ဘားအံ - ဧပြီ (၂) ပြည်နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ ကြီးမှူးဖွင့်လှစ်သော ကရင်စာပေသင် တိုင်းရင်းသားဘာသာပြ ဆရာ/ဆရာမများ စာပေမွမ်းမံသင်တန်းဖွင့်ပွဲကို ဧပြီလ ၂ ရက်နေ့ နံနက် ၈ နာရီက ကရင် ကျောင်းသားများရိပ်သာ သင်တန်းခန်းမ၌ ကျင်းပသည်။

Status Published: Apr 01 Posted Under:

ဘားအံတက္ကသိုလ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆင့်ပွားနည်းပြသင်တန်းဖွင့်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဆုချီးမြှင့်

ဘားအံ - ဧပြီ (၁) ပညာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေးလှုပ်ရှားမှု နည်းပြများအား ဆင့်ပွားသင်တန်းဖွင့်ပွဲကို ဧပြီလ ၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

Status Published: Mar 29 Posted Under:

နွေရာသီအခြေခံအင်္ဂလိပ်စာ(Grammar)သင်တန်းနှင့် အခြေခံပန်းချီသင်တန်းဆင်း

ဘားအံ - မတ် (၂၉) ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်သည့် အားလပ်ရက်များတွင် အချိန်ကိုအကျိုးမဲ့မကုန်ဆုံးစေဘဲ အသိပညာ၊ အတတ်ပညာများ ကြွယ်ဝစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးတွင် သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီက နွေရာသီအခြေခံ အင်္ဂလိပ်စာ(Grammar)သင်တန်းနှင့် အခြေခံပန်းချီသင်တန်းများဆင်းပွဲကို လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျင်းပသည်။

Pages