ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Apr 13 Posted Under:

ဘားအံမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဘားအံ - ဧပြီ (၁၃) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်မှစပြီး မပျက်မကွက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရာ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကရင်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲကို ဧပြီလ ၁၃ ရက်နေ့ အတာသင်္ကြန်အကြိုနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

Status Published: Apr 12 Posted Under:

မွေးမြူရေးထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးတောင်သူများနှင့်တွေ့ဆုံဆွေးနွေး

ဘားအံ - ဧပြီ (၁၂) ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး၊ မွေးမြူရေးထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး နှင့်တန်ဖိုး မြင့်ထုတ်ကုန်များအဖြစ် ဈေးကွက်တင်ပို့ရောင်းချနိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှင့် အစိုးရအဖွဲ့ဝင်များသည် ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမွေးမြူရေးဇုန်နှင့်မိဇံမွေးမြူရေးဇုန်ရှိ ဒေသခံ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Status Published: Apr 12 Posted Under:

ဘားအံမြို့ မဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲ ဖွင့်လှစ်

ဘားအံ - ဧပြီ (၁၂) ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့တွင် မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ဧပြီလ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်က ယိမ်းအကနှင့် တစ်ပင်တိုင်အကပြိုင်ပွဲဖွင့်ပွဲကို ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းရှိ ဗဟိုမဏ္ဍပ်၌ကျင်းပရာ ယိမ်းအဖွဲ့ ၂၆ ဖွဲ့၊ တစ်ပင်တိုင်အက ၁၂ ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။

Status Published: Apr 10 Posted Under:

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်သိန်းတစ်ရာကျော်နှင့် စာအုပ်စာစောင် ၂၁၄၈ အုပ် ပေးအပ်လှူဒါန်း

ဘားအံ - ဧပြီ (၁၀) နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင် ပေးအပ်လှူဒါန်း ပွဲကို ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ အလှူရှင်များက ငွေကျပ် သိန်းတစ်ရာကျော်နှင့် စာအုပ်စာစောင် ၂၁၄၈ အုပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Status Published: Apr 09 Posted Under:

ကရင်ပြည်နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်ချက်များ တာဝန်ပေးအပ်

ဘားအံ - ဧပြီ (၉) ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတွင် ကရင်ပြည်နယ်၏ စီးပွားရေးမျှော်မှန်းချက်အနေဖြင့် စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)မှာ နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၂၉၅၀ ဘီလီယံအကောင်အထည် ဖော်ရန်နှင့် ပုံမှန်ဈေးနှုန်းအရ ၂ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်းထားကြောင်း ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေး အပ်ပွဲမှ သိရသည်။

Pages