ဘားအံ - မေ (၁)
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအရေးပါသော အင်အားစုကြီးတစ်ခုဖြစ်သည့် အလုပ်သမားများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုဂုဏ်ပြုမြှင့်တင်သောအားဖြင့် ၂၀၂၅ ခုနှစ်၊ အလုပ်သမားနေ့ အခမ်းအနားကို မေလ ၁ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ ကုမ္ပဏီများ၊ Bank များမှ အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာ ကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဖတ်ကြားသည်။
ထို့နောက် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေကရင်အိုးစည်ဒိုးပတ်ဝိုင်းနှင့် ဂုဏ်ပြုဖျော်ဖြေ ကြပြီး အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက အလုပ်သမားနေ့သီချင်း ဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ကြသည့် ဒိုးပတ်ဝိုင်းနှင့် ကျောင်းသား၊ ကျောင်းသူ လေးများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြပြီး အလုပ် သမားနေ့အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ ခင်းကျင်းပြသထားသော အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့်အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း ဓာတ်ပုံများ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပြည်နယ်အတွင်းဖွင့်လှစ်ခဲ့သော သင်တန်းများ၏မှတ်တမ်း ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။