ဘားအံ - နိုဝင်ဘာ (၂၉)
“အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန်ဖို့ အားလုံးပေါင်းစုကြိုးပမ်းလို့ ဘေဂျင်းကြေညာစာတမ်းနှင့် လုပ်ငန်းစီမံချက်နှစ်(၃၀)ပြည့်စီ အရောက်လှမ်းစို့” ဆောင်ပုဒ်ဖြင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပ သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အနေဖြင့် အကြမ်းဖက်ခံရသူအမျိုးသမီးများကို တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ်ထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအတွက်နားခိုရာနေရာများ စီစဉ်ပေးခြင်း၊ အခြားသောဝန်ဆောင်မှုများရရှိနိုင်ရေး ညွှန်းပို့ချတ်ဆက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အောက်တိုဘာလထိ အိမ်တွင်းအကြမ်းဖက်မှုအပါအဝင်အဓ္ဓမပြုကျင့်ခံရသူ အမျိုးသမီး(၄၁) ဦးအား တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ်ထောက်ပံ့ငွေ(၇၃)သိန်းကျော် ထောက်ပံ့ပေးခဲ့ ကြောင်း၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအပေါ်အကြမ်းဖက်မှုများဖယ်ရှားပပျောက်စေရေး နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုတည်းမှဆောင်ရွက်နေရုံသာမက ပြည်သူတစ်ဦးတစ်ယောက်ချင်းမှအစပြု၍ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ အမျိုး သမီးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ်များနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများက အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေး Video Clip ကို အတူတကွကြည့်ရှုခဲ့ကြပြီး ပုဂ္ဂလိကမူကြိုကျောင်းများဖြစ်သော Neo Holistic Preschool ၊ Little Start Preschool ၊ Licoln, junior Montessori Center ၊ အမေ့ရင်ခွင်မူကြို၊ HCIS မူကြို၊ လင်းလက်ရောင်ခြည်မူကြိုတို့မှ ရင်သွေးငယ် လေးများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှား မှု သတင်းစကားရေးထိုးကာ ခင်းကျင်းပြသထားသော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ လူမှုဝန်ထမ်းရုံး၏လှုပ်ရှားမှု၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့၏ လှုပ်ရှား မှုမှတ်တမ်းဓာတ်ပုံများ၊ ကရင်ပြည်နယ်ဒေသထွက်အမျိုးသမီးထုတ်ကုန် အဝတ်အထည်နှင့်စားသောက်ကုန်ပစ္စည်း များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။